"nae"
Hae Yoon နှင့် Jimin စကားလက်ဆုံကျနေစဉ်မှာပင် Soon Young က ထရပ်ကာ
"ငါ ပြီးပြီ .... သွားတော့မယ် Hae Yoon .... နင် နောက်ကလိုက်ခဲ့လိုက်တော့" ဟု ပြောပြီး ထွက်သွားတော့သည်။ Soon Young ထွက်သွားတော့မှ Jimin က
"Hae Yoon သူငယ်ချင်းက တစ်မျိုးပဲနော် ... ကျောင်းတုန်းက အကျင့်တွေ မပျောက်သေးဘူးနဲ့တူတယ်"
"အင်း ဟုတ်တယ် .... Soon က အဲ့ဒီ့လိုပဲ ... Jimin ကပဲ သည်းခံပေးပါနော်"
"ရပါတယ် ..... ဒါနဲ့ သူ ဒီလိုပုံနဲ့ လူနာတွေကို ဘယ်လိုဆက်ဆံလဲ မသိဘူး"
"လူနာတွေနဲ့ ကျရင်တော့ သူက ဒီလိုမဟုတ်ဘူး .... လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း အပြင်မှာသာ တရင်းတနှီးမရှိတာ အလုပ်နဲ့ပက်သက်ရင်တော့ အဆင်ပြေပါတယ် .... အမှန်တော့ Soon က သူစိမ်းတွေနဲ့ မခင်ချင်တာ.... အထူးသဖြင့် ယောက်ျားလေးတွေနဲ့ပေါ့ .... အဲ့ဒါကြောင့် ကျွန်မ Jimin ကို သည်းခံပေးပါလို့ပြောတာ"
"ကိစ္စမရှိပါဘူး ..... အလုပ်ထဲမှာ အဆင်ပြေတယ်ဆိုရင် ပြီးတာပါပဲ"
"အလုပ်မှာကတော့ စိတ်ချ .... Soon က အတော်ဆုံးပဲ"
"ဟုတ်ပါပြီဗျာ ... ကဲ... နေ့လည်စာစားချိန်ကုန်တော့မယ် ဆိုတော့ သွားကြရအောင်"
"nae"
နှစ်ယောက်သား Canteen မှ အတူတူ ထွက်လာခဲ့ကြ၏။ Hae Yoon ကတော့ Jimin ဘေးကနေ လျှောက်ကာ ဘေးတိုက်မြင်ရတဲ့ Jimin မျက်နှာကို ကြည့်ရင်း ရင်ခုန်နေမိသည်။ ကျောင်းမှာတုန်းက သူမကို လုံးဝဂရုမစိုက်ခဲ့တဲ့ သူမရဲ့ crush က အခု သူမ ဘေးမှာရှိနေတော့ သူမ ပျော်ရလေသည်။
***Fighting !!!! Nam Hae Yoon**** လို့ စိတ်ထဲမှနေ သူမကိုယ်သူမ အားပေးလိုက်မိ၏။
Xxxxxxxxxxxxxxxxx
Jin .... ရထားဘူတာမှ ထွက်လာတော့ ကားနှင့် အသင့်စောင့်နေတဲ့ Jimin ကို တွေ့လိုက်ရတာကြောင့် အံ့သြသွား၏ ။ Jimin က သူ့ကိုမြင်တော့ သူ့ဆီပြေးလာကာ
"ဘယ်လိုလဲ Hyung ..... အံ့သြသွားတယ် မဟုတ်လား"
"အင်း ... ညီက ကြိုမှမပြောတာ"
"Suprise လုပ်ပါတယ်ဆို ကြိုပြောရင် ဘယ်အံ့သြပါ့မလဲ .... လာ ... သွားကြရမယ် ..... အိမ်မှာ အမေ က သူ့သားကြီးကို တွေ့ချင်လွန်းလို့ မနက်ကတည်းက စောင့်နေတာ"
ညီအစ်ကို နှစ်ယောက် စကား တပြောပြော နှင့် ကားဆီသို့ လျှောက်ခဲ့၏။ ကားပေါ်ရောက်တော့ Jimin က ဓါတ်ပုံလေး တစ်ပုံ ထုတ်ပြလာလေသည်။ သူ ကြည့်လိုက်တော့ သူ နယ်မသွားခင်ညက ရိုက်ခဲ့တဲ့ Soon Young ပုံ...
"Hyung ဒီပုံထဲကကောင်မလေးက ဘယ်သူလဲ ..... Hyung ကားပေါ်ကတွေ့တာ .... ကျွန်တော် ကြည့်ရတာတော့ ဒါ ကျွန်တော် အခုအလုပ်ဆင်းနေတဲ့ ဆေးရုံရှေ့မှာရိုက်ထားတာပဲ"
Jin ....Jimin လက်ထဲမှ ဓါတ်ပုံကို ယူပြီးသေချာကြည့်လိုက်မိ၏။ ဟုတ်သားပဲ ပုံမှာ ဆေးရုံနာမည်ပါနေတာပဲ... သူ အရင်က ဒါကိုလုံးဝ သတိမထားမိခဲ့ ......
"အဲ့ဒါ Hyung ချစ်သူလား"
"မဟုတ်ပါဘူး .... ချစ်သူမဖြစ်သေးပါဘူး .... ဒီအတိုင်း Hyung ဘက်က သဘောကျရုံပဲရှိသေးတာ ..... ဒီဆေးရုံက ညီ အခုပြောင်းလိုက်တဲ့ ဆေးရုံလား"
"အင်း .... ဟုတ်တယ် .... အဲ့ဒီ့ကောင်မလေးနာမည်က ဘယ်သူလဲ.... ကျွန်တော် သိတဲ့သူထဲကလား"
"Shin Soon Young တဲ့ ..."
"ဘာ .... Shin Soon Young ???? အဲ့ဒါဆိုရင်တော့ မဖြစ်ဘူး ..... ကျွန်တော် လုံးဝ သဘောမတူဘူး"
နာမည်ပြောလိုက်တာနဲ့ ခါးခါးသီးသီးငြင်းလိုက်တဲ့ Jimin ကြောင့် Seokjin မျက်နှာပျက်သွားမိသည်။
"waeyo?????"
"Hyung သူ့အကြောင်း မသိဘူးလား ဒီလောက်မာနကြီးတာကို .... ကျွန်တော်နဲ့ လုံးဝ အဆင်မပြေဘူး ..... လက်ထပ်ဖို့အထိ ရည်ရွယ်ထားတယ်ဆိုရင်တော့ .... သူနဲ့ မတွဲနဲ့"
"ဒါပေမယ့် ... သူက အရမ်းဆိုးတဲ့သူ မဟုတ်ပါဘူး"
"ဘာပဲဖြစ်ဖြစ် ..... ကျွန်တော်ကတော့ ကျွန်တော့် Hyung ကို သဘောကောင်းပြီး အရမ်းချစ်ပေးနိုင်တဲ့ သူနဲ့ပဲ သဘောတူတာ..... Soon Young က ဘယ်တော့မှ အဲ့လိုမိန်းကလေးမျိုးဖြစ်မှာ မဟုတ်ဘူး"
အတင်းကို မဖြစ်ဘူးဆိုပြီး ပြောနေသည့် သူ့ညီနှင့် အပြိုင်မငြင်းချင်တာကြောင့် Jin သက်ပြင်းချကာ အပြင်ဖက်သို့ ငေးနေလိုက်မိသည်။ ညီအစ်ကို နှစ်ယောက်ရဲ့ အိမ်အပြန်လမ်းကတော့ တိတ်ဆိတ်ခြောက်ကပ်လျက် .....
xxxxxxxxxxxxxxxxxxxxx
to be continued
Thank very much to all readers ^^
String (Part 4)
Magsimula sa umpisa
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)