"ဟာ ..... Soon ကလည်း ဘာလို့စိတ်ကုန်ရမှာလဲ ..... တစ်နေ့ ငါက Park Jimin ရဲ့ အိမ်ထောင်ဖက် ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မှာလဲ......"

စိတ်ကူးတွေယဉ်ကာ အားရပါးရပြောနေတဲ့ Hae Yoon ကိုကြည့်ပြီး ပြုံးရင်း ခေါင်းယမ်းကာ

"aigoo .... ဒီကလေးမ မလွယ်ဘူး ...."

"သူနဲ့ပတ်သက်လာရင် မလွယ်တာပါ .... ဟီး ... ဟီးး..... အဲ .... ဟိုမှာ ထွက်လာပြီ"

Hae Yoon ညွှန်ပြရာကို ကြည့်လိုက်တော့ ဌါနမှူးနှင့် အတူ ထွက်လာတဲ့ Jimin ကိုတွေ့လိုက်ရ၏။ ဌါနမှူးက သူတို့အားလုံးကို လူစုခိုင်းကာ Jimin ကို မိတ်ဆက်ပေးလေသည်။

နေ့လည် ထမင်းစားချိန်ရောက်တော့ Soon Young နှင့် Hae Yoon တို့ Canteen မှာ ထိုင်နေစဉ် Jimin က ထမင်းပန်းကန် ယူကာ သူတို့ဆီလျှောက်လာကာ သူတို့စားပွဲနားရပ်ရင်း

"ကျွန်တော် ဒီမှာထိုင်လို့ ရတယ်မဟုတ်လား"

"ရပါတယ် Jimin shi"

သူမ ဘာမှ မပြောရသေးခင် သွက်သွက်လက်လက် ဝင်ဖြေလိုက်တဲ့ Hae Yoon ကို Soon Young မျက်စောင်းတစ်ချက် ထိုးကြည့်လိုက်မိသည်။

"ဒါနဲ့လေ ဒီက နှစ်ယောက်ကို မြင်ဖူးနေသလိုပဲ .... ကျောင်းတုန်းက တစ်တန်း လားလို့ .... ဟုတ်တယ် မဟုတ်လား"

"ဟုတ်တာပေါ့ ..... Jimin က မှတ်မိသားပဲ ..... ကျွန်မ နာမည်က Hae Yoon ပါ ..... သူက Soon Young"

Hae Yoon မိတ်ဆက်လိုက်တော့ Jimin က အခုမှ သေချာသိသွားဟန်ဖြင့်

"arr.... ဟုတ်ပြီ ... သိပြီ .... ဟိုတစ်ယောက်က မာနခဲ"

Jimin က Soon Young ကို လက်ညှိုးထိုးကာ ပြောလိုက်ပေမယ့် တစ်ချက်မှတောင် မော့မကြည့်ဘဲ အစားကိုသာ အာရုံစိုက်စားနေတဲ့ Soon Young ကြောင့် Hae Yoon ကြားထဲ က Jimin ကို အားနာမိလေသည်။ Jimin ကလည်း Soon Young အကြောင်းကို သိနေတာကြောင့် Hae Yoon ဘက်လှည့်ကာ

"အခုလို တစ်တန်းတည်းသားချင်းတွေ ပြန်တွေ့ရတာ ကျွန်တော် အရမ်းဝမ်းသာတာပဲ .... ကျွန်တော်က ရောက်ကတည်းက အသိ ဘယ်သူများ ရှိမလဲလို့ လိုက်ရှာနေတာ"

"ကျွန်မလည်း Jimin နဲ့ တစ်ဌါနထဲမှာ ပြန်တွေ့ရတာ ဝမ်းသာပါတယ် ... အတူကြိုးစားကြတာပေါ့"

String [Completed]Where stories live. Discover now