သူမ နှစ်ယောက်လုံးကို နာကြည်းစွာနှင့်ကြည့်ကာ အဖေ့ရဲ့ အသံကို ဥပက္ခာပြုရင်း အခန်းထဲသို့ဝင်ခဲ့လိုက်၏။ အခန်းထဲရောက်တော့ သူမ အိပ်ရာဘေးမှာထိုင်ချရင်း စားပွဲပေါ်တင်ထားတဲ့ အမေ့ပုံကို ကြည့်ကာ ကလေးတစ်ယောက်လို ငိုကြွေးနေမိတော့သည်။
***Omma သာရှိရင် သိပ်ကောင်းမှာပဲ***
xxxxxxxxxxxxxxxxxxxxx
"Soon .... Soon ငါတို့ ဌာနကို ဆရာဝန် အသစ် တစ်ယောက် ထပ်ရောက်လာတော့မှာ"
Soon Young အလုပ် ပြန်တက်တက်ချင်းမှာပင် Hae Yoon က အပြေးလာပြီးပြောလေသည်။
"ကောင်းတာပေါ့ လူမလောက်တာနဲ့ အဆင်ပြေသွားပြီ ဘယ်နေ့ရောက်မှာလဲ"
"ဒီနေ့ ...."
"ဘယ်သူလဲ ဆိုတာရော သိပြီလား"
"အဲ့ဒါတော့ ငါလည်း သေချာမသိဘူး"
သူတို့နှစ်ယောက် ပြောနေစဉ်မှာပင် သူမတို့ ဘေးနားက ဖြတ်သွားတဲ့ လူကြောင့် Hae Yoon အသံတိတ်သွားကာ ခေါင်းတစ်ပတ်လည်အောင် လိုက်ကြည့်နေလေသည်။ သူမလည်း Hae Yoon နှင့်အတူ လိုက်ကြည့်မိ၏။
"Yah.... Yah .... Soon အဲ့ဒါ Park Jimin မဟုတ်လား... မဟုတ်မှ လွဲရော ဟို ဆရာဝန် အသစ် ဆိုတာ... arrr .... ငါတော့ ပျော်လွန်းလို့ သေတော့မှာပဲ ...... Soon ခဏနော် ဟုတ်မဟုတ် ငါ သွားကြည့်လိုက်ဦးမယ် သိလား"
Hae Yoon က ပြောပြီး ဌါနမှူးအခန်းရှိရာသို့ ပြေးထွက်သွားလေသည်။ Soon Young ... သူမကို ကြည့်ရင်း ခေါင်းယမ်း လိုက်မိ၏။ Park Jimin ဆိုရင်တော့ သူမတို့ ဌါနမှာ မိန်းကလေးတွေ တရုန်းရုန်းနှင့် မျက်စိနောက်ရဦးမှာ သေချာသည် ဟူ၍လည်း တွေးလိုက်မိသည်။
ခဏနေတော့ Hae Yoon ခုန်ဆွ ခုန်ဆွ ပြန်ရောက်လာကာ
"Soon ...တကယ် .... တကယ်ပဲ Jimin သိလား .... ကောင်းလိုက်တာ ..... Nam Hae Yoon တို့ကတော့ ရေစက် မကုန်ဘူး ထင်ပါရဲ့ .... အဲ့ဒါဖူးစာနဲ့တူတယ်နော် ..... ဟုတ်တယ် မဟုတ်လား Soon"
Soon Young က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း
"နင့်ကို ဟိုက မှတ်တောင်မှတ်မိရဲ့လား Hae Yoon ရယ် ..... ဒီလောက်ရည်းစားရှုပ်တဲ့ သူကို နင်မို့လို့ စိတ်မကုန်နိုင်တယ် .... ငါတော့ မြင်ယောင်သေးတယ် ကောင်မလေးတွေ တရုန်းရုန်းနဲ့ ဖြစ်နေတော့မှာ"
String (Part 4)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)