သိပ်မကြာလိုက် Hae Yoon တစ်ယောက် အခန်းထဲဝင်လာလေသည်။ သူမ ကိုမြင်တော့ Hae Yoon အံ့သြသွားကာ သူမ ဘေးဝင်ထိုင်ရင်း
"Soon နင် မနေ့က အိမ်ပြန်တယ် မဟုတ်ဘူးလား .... ဘာလို့ဒီပြန်ရောက်နေတာလဲ .... ဒီနေ့ ဂျူတီလည်း မရှိပါဘူး အိမ်နဲ့ ပြဿနာတက်လာတာလား"
Hae Yoon ရဲ့ အမေးက သူမရဲ့ အရှိန်မသေသေးတဲ့ ဝမ်းနည်းစိတ်ကို ပြန်နှိုးဆွနေသလိုပင်။ သူမ ရင်ထဲ လှိုက်တက်လာတဲ့ ဝမ်းနည်းစိတ်ကို အသာချိုးနှိမ်ရင်း
"အင်း ... နည်းနည်းပါ ... ဘာမှမဖြစ်ပါဘူး ပြီးသွားပါပြီ"
"ဘာကို ပြီးရမှာလဲ နင့်ပါးမှာလက်ရာကြီး မြင်နေရတာကို....."
Hae Yoon ပြောရင်း သူမရဲ့ ပါးကိုသာသာလေးပွတ်ပေးကာ ..... ခံပြင်းစိတ်ဖြင့် "တောက်" တစ်ချက် ခပ်ပြင်းပြင်း ခေါက်လိုက်မိသည်။
"သူတို့ သားအမိ တော်တော်လွန်နေပြီ ..... Soon နင်ကလည်း ဘာလို့ငြိမ်ခံနေတာလဲ .... ငြိမ်ခံလေ ပိုလုပ်လို့ကောင်းလေ ဖြစ်နေမှာပေါ့"
"ငါက ဘာလုပ်ရဦးမှာလဲ ... ငါ့ဘဝက အစွန့်ပစ်ခံပါ .... ကိုယ့်အဖေ အရင်းခေါက်ခေါက် ကတောင် ကိုယ့်ဘက်မှာ မရှိတာ ... ငါ ဘယ်လိုလုပ် သူတို့ သားအမိကို ရင်ဆိုင်ရဲမှာလဲ"
"Soon ရယ်"
Hae Yoon မျက်ရည်တွေကျလာကာ Soon Young ကိုဖက်ထားလိုက်မိသည်။ အရင်က သူမ စသိခဲ့တဲ့ Soon က အမြဲတမ်း တက်ကြွပြီးဖော်ရွေကာ လူချစ်လူခင်လည်းပေါသည်။ ချမ်းသာသလောက် စာတော်ပြီး မာနမကြီးတတ်တဲ့ Soon က သူတပါး အားကျရလောက်တဲ့ အရည်အချင်း တွေကို ပိုင်ဆိုင်ထားတဲ့ ကောင်မလေး တစ်ယောက် ဆိုလည်းမမှား .... ဒါပေမယ့် သူမ အမေဆုံးပြီးတဲ့ အချိန်ကစပြီး သူမ အဖေ သူမ အပေါ်မကြည်ဖြူတာရော သူမ မိထွေးသားအမိရဲ့ နှိပ်စက်မှုတွေရော ပေါင်းပြီး စိတ်ဒါဏ်ရာရကာ တဖြည်းဖြည်းစကားနည်းကာ အေးတိအေးစက် ဖြစ်လာလေသည်။
Soon အကြောင်း မသိတဲ့သူတွေက Soon ကို မာနကြီးလာတယ် လို့ထင်ကာ အပေါင်းအသင်း သိပ်မလုပ်ကြတော့ပေ။ Soon ကလည်း ဘယ်သူ့ကိုမှ ဂရုမစိုက် သူမရဲ့ အေးစက်စက် ပုံစံ အတိုင်းသာ နေမြဲနေလေသည်။ တကယ်တမ်းကျတော့ Soon က အရမ်းစိတ်အားငယ်တတ်လာသလို အရမ်းလည်း ကြောက်တတ်လာတာ ..... ဒါပေမယ့် သူမ တောင် လက်မခံနိုင်တဲ့ သူမရဲ့ပြောင်းလဲမှုကို သူတစ်ပါးသိရင် အနှိမ်ခံရမှာ စိုးရိမ်တာကြောင့် သူများတွေ ထင်နေသလို မာနကြီးသလိုနေလိုက်ခြင်းသာ .... အခြားသူတွေကို ဘယ်လို ဆက်ဆံ ဆက်ဆံ သူမနဲ့ တွေ့ရင်တော့ Soon က ကလေး တစ်ယောက်လိုပင်။ သူမ ခံစားရ သမျှကိုလည်း ရင်ဖွင့်တတ်လေသည်။
"အထုပ်တွေကရော Soon ဘယ်သွားမလို့လဲ"
"သွားနေကျ မိဘမဲ့ ဂေဟာကို သွားမလို့ ... ဒီတခါတော့ ကြာကြာနေဖြစ်မယ် ထင်တယ်"
"အင်းးး .... Soon စိတ်ပြေလက်ပျောက်ဖြစ်အောင် ကြာကြာနေလိုက်လေ .... ဒီမှာ အတွက်တော့ စိတ်မပူနဲ့ ... Soon အစား ငါ duty ဆင်းထားပေးလို့ရတယ် ... ဒါနဲ့ ....Soon ဘာနဲ့သွားမှာလဲ ကားနဲ့လား ငါ ကားဂိတ်ကို လိုက်ပို့ပေးမယ်လေ"
"ရထားနဲ့ သွားမလားလို့ ရထားနဲ့တခါမှ ခရီးရှည်မသွားဖူးဘူးလေ"
"ဟုတ်ပါပြီ ... အဲ့ဒါဆို ရထားဘူတာ အထိ လိုက်ပို့ပေးမယ် မြန်မြန် အခုလောက်ဆို ဌာနမှူးရောက်နေလောက်ပြီ"
သူမပြောတော့ Soon ကုတင်ပေါ်ကနေ ဆင်းကာ နည်းနည်းပါးပါး သပ်သပ်ရပ်ရပ် ဖြစ်အောင်ပြင်ပြီး ဌာနမှူး အခန်းဆီထွက်သွားလေသည်။ သူမ Soon ကို ကြည့်ရင်း သက်ပြင်းချမိသည်။ သူမ သူငယ်ချင်းကို ပျော်ရွှင်တဲ့ ဘဝလေးပိုင်ဆိုင်စေချင်မိသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
to be continued
String (Part 1) ( zawgyi)
Comenzar desde el principio
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)