"Oppa ... ဒါလေးကို သိမ်းထားနော် ပြန်တွေ့ရင် မမှတ်မိတော့မှာ စိုးလို့"

"Oppa သေချာသိမ်းထားပါ့မယ် .... Soon အရမ်းမငိုနေနဲ့တော့နော် ..."

သူပြောတော့ သူမက ပါးပြင်ပေါ်က မျက်ရည်တွေကို လက်ဖမိုးလေးနှင့် ပွတ်လိုက်ရင်းခေါင်းညိမ့်ပြလေသည်။ အဲ့ဒီ့နောက်မှာတော့ လက်ပြရင်း ကျန်ရစ်ခဲ့တဲ့သူမရဲ့ ပုံရိပ်က တဖြည်းဖြည်း ဝေးသွား လေတော့သည်။ ဆက်ဆက်ပြန်လာခဲ့ပါမယ် ဆိုတဲ့ ကတိတော့မတည်နိုင်ပေမယ့် သူမ ရဲ့ ခေါင်းစည်းကြိုးလေးကိုတော့ သေချာသိမ်းထားနိုင်ခဲ့သည်။ Jin သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ရင်း

"အခု ဒီခေါင်းစည်းကြိုးလေးကို ပြလို့ရော Soon မှတ်မိနိုင်ပါ့မလား .... ဘာလို့ဒီလောက်တောင် ပြောင်းလဲ သွားရတာလဲ Soon ရယ်" လို့ ညီးတွားလိုက်မိသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Soon Young အိပ်ဖို့ကြိုးစားပေမယ့် တော်ရုံနဲ့အိပ်မရ သူ့အကြောင်းပဲ ခေါင်းထဲရောက်ရောက်နေကာ အဖြေမရှိနိုင်တဲ့ မေးခွန်းတွေကို ထပ်ကာထပ်ကာ အဖြေထုတ်နေမိသည်။ သူက ဘယ်သူလဲ။ သူ့ အသံရော သူ့မျက်ဝန်းတွေ ရောကို သူမ ရင်းရင်းနှီးနှီး မှတ်မိနေသည်။ သူမ သေချာပြန်စဉ်းစားကြည့်မှ ဟုတ်တယ် သူ........ သေချာတာပေါ့ သူမ ဆေးကျောင်းတက်နေတဲ့ တောက်လျှောက် ရံဖန်ရံခါ ဆုံရတတ်တဲ့ စူးရှ လေးနက်တဲ့ မျက်ဝန်းတွေနဲ့ သူ ...... အဲ့ဒီမျက်ဝန်းတွေကို Seokjin oppa ရဲ့မျက်ဝန်းတွေနဲ့ တူလို့ဆိုပြီး သူမ ရင်းရင်းနှီးနှီး ကို မှတ်မိနေခဲ့တာ .... နောက်ပြီး သူမ ပထမနှစ် စတက်တုန်းကလည်း သူနဲ့တစ်ခါဆုံဖူးသည် ...... အဲ့ဒီ့အချိန်တုန်းကလည်း သူမငိုနေတာကို သူ လက်ကိုင်ပုဝါလေးပေးခဲ့တာ ........ ဒါပေမယ့် သူမ မယူဘဲ သူ့ရှေ့ကနေ ပြေးထွက်လာခဲ့တယ်လေ။

Soon Young အိပ်လို့လည်းမရတာကြောင့် လှဲနေရာမှ ထထိုင်လိုက်ကာ မနက် နယ်သွားဖို့အတွက် အဆောင်မှာရှိတဲ့ အဝတ်အစား နည်းနည်းပါးပါးကိုပဲ ထည့်ထားလိုက်၏။ သူမ အနည်းဆုံး တစ်လမှာ တစ်ခါလောက် ဂျူတီ မရှိတဲ့ ရက်မှာ နယ်က မိဘမဲ့ဂေဟာလေးမှာ လုပ်အားပေးနေကျ။ ဒီတခါတော့ ဒီမှာ စိတ်ရှုပ်စရာတွေများတာကြောင့် ခွင့်တင်ပြီး တပတ်လောက်သွားနေမယ်လို့ စိတ်ကူးထား၏။ သူမ အားလုံးပြင်ဆင်ပြီး နာရီကြည့်လိုက်တော့ မနက်ငါးနာရီ ရှိနေပြီ။ ခဏနေရင် သူမ သူငယ်ချင်း Hae Yoon ညဂျူတီထွက်လာတော့မှာမို့ Hae Yoon ကို စာအုပ်ဖတ်ရင်း ထိုင်စောင့်နေလိုက်သည်။

String [Completed]Место, где живут истории. Откройте их для себя