String (Part 1) ( zawgyi)

Start from the beginning
                                        

"Hyung!!! နွေးနွေးထွေးထွေး အိပ်နော် မဟုတ်ရင် နေမကောင်းဖြစ်နေဦးမယ်"

"nae Arreso"

Jin ခေါင်းကိုညွတ်ကာ အရိုအသေပေးတဲ့ပုံနဲ့ ပြောလိုက်တော့

"Ash!!!! အကောင်းပြောတာကို"

"Mian mian......good night ညီ"

နှစ်ယောက်သား နှုတ်ဆက်ကာ ကိုယ့်အခန်းထဲကိုယ် ဝင်ခဲ့ကြ၏။

Jimin နဲ့ သူက သွေးသားအရင်းအခြာ မဟုတ်ပေမယ့် ညီအစ်ကို အရင်း တမျှ ချစ်ကြသည်။ သူ့မိဘတွေ ဆုံးသွားလို့ မိဘမဲ့ဂေဟာ ရောက်ပြီး သိပ်မကြာခင်မှာပင် ... Jimin တို့မိသားစု က သူတို့ရဲ့ ဆုံးသွားတဲ့ သားနဲ့ တူလို့ဆိုပြီး သူ့ကို မွေးစားခဲ့ကြသည်။ သူကံကောင်းတယ်လို့ပဲ ဆိုရမလား အဖေနဲ့အမေ က သားနှစ်ယောက်ကို ဘယ်တုန်းကမှခွဲခြား မဆက်ဆံခဲ့။ Jimin ကလည်း သူ့ကို အစ်ကိုအရင်း တစ်ယောက်လိုပင်။

Jimin ရဲ့ အကျင့်ဆိုးလေးတစ်ခုက ရည်းစားများတာ။ မိန်းကလေး တစ်ယောက်ကို အတည်တကျတွဲတယ် ဆိုတာလည်း မရှိသလောက်။ ရည်းစား ကိစ္စနဲ့ပတ်သက်ပြီး သူဆုံးမလျှင် အဲ့လို များများတွဲမှ ကိုယ့်အတွက် အသင့်တော်ဆုံး သူကို ရွေးလို့ရမှာ လို့ ပြန်ပြောတတ်သေးသည်။

Jin ကုတင်ပေါ်လှဲလိုက်ရင်း သူ့ကုတင်ဘေးမှာ အမြဲထားထားတဲ့ ဓါတ်ပုံလေးနှင့် ခေါင်းစည်းကြိုးလေးဆီ မျက်စိရောက်သွားတော့ သူ့အတွေးတွေက အတိတ်ဆီသို့

"Oppa ဆက်ဆက် ပြန်လာရမယ်နော်"

"အင်းပါ Oppa ကတိပေးပါတယ်"

လက်သန်းချင်းချိတ်ရင်း ကတိတောင်းနေတဲ့ ငါးနှစ်အရွယ် ကောင်မလေးနဲ့ မဖြစ်နိုင်မှန်းသိတဲ့ ကတိကို ပေးနေတဲ့ ရှစ်နှစ်အရွယ်ကောင်လေး တစ်ဦး ....

"သားရေ သွားမယ် အမေတို့နောက်ကျနေဦးမယ်"

Mrs.Kim လှမ်းခေါ်တာကြောင့် သူတို့နှစ်ယောက်ချိတ်ထားတဲ့ လက်သန်းလေးကိုဖြုတ်လိုက်ကြ၏။ သူ ကားပေါ်တက်ခါနီးမှာပင် သူမ က သူ့လက်ကိုဆွဲကာ

"Oppa ခဏ....."

သူမ ပြောရင်း သူမဆံပင်ကိုစည်းထားတဲ့ ခေါင်းစည်းကြိုးလေးကို ဆွဲဖြေကာ သူ့လက်တွင် ပတ်ပေးလိုက်၏။ သူမရဲ့ ပြေကျလာတဲ့ ဆံနွယ်လေးတွေကတော့ သူမ ပခုံးထက်မှာဝဲလျက်

String [Completed]Where stories live. Discover now