"နွယ်က နွယ့်သဘောကို အရင် ပြောပြထားတာပါ။​ ခိုင် အခုချက်ချင်း ဆုံးဖြတ်စရာ မလိုပါဘူးး။ အေးဆေးစဉ်းစားပေါ့။ ခိုင့် ဆုံးဖြတ်ချက်ကိုပဲ နွယ်လိုက်နာမှာပါ။"

"ခိုင်လည်း နွယ်နဲ့ မဝေးချင်ပါဘူး။ ဒါပေမယ့် တကယ်လက်တွဲကြဖို့က အများကြီး စဉ်းစားရမှာပေါ့။ အသိုင်းအဝိုင်းက ရှိိသေးတယ်။ ပထမတစ်ခါလည်း ခိုင် ဘုမသိ၊ ဘမသိ ခေါင်းညိတ်ခဲဲ့မိလို့ အိမ်ထောင်ကွဲခဲ့ရပြီးပြီ။ ဒုတိယအကြိမ် တည်ဆောက်မယ့် အိမ်ထောင်ကိုတော့ ခိုင် သေချာစဉ်းစားချင်တယ်။"

"အရာအားလုံး ခိုင့်သဘောပါ ခိုင်ရယ်။ အတင်းအဓမ္မမတိုက်တွန်းလိုပါဘူး။ ခိုင်သာ အဆင်ပြေမယ်ဆို အခုအတိုင်းလည်း နွယ်ကျေနပ်ပါတယ်။"

"ခိုင့်ကို အချိန်တစ်ခု ပေးပါနော်။"

"သဘောပါ ခိုင်ရယ်။"

ငွေနှင်းက မိမိအား တင်းကျပ်စွာဖက််တွယ်ထားသည့် ဟန်သစ်၏ လက်တို့ကို ဆုပ်ကိုင်ကာ ပြုံးလိုက်လေသည်။
........................

ကျောင်းပိတ််ရက်တွင် ငွေနှင်းအား မပြောပါနှင့်ဟုဆိုကာ တကူးတက အပြင်သို့ ခေါ်ထုတ်ပြီး ဘာဆို၊ဘာမှ မပြောဘဲ ငှက်ခါးရောင် ချိတ်ဝမ်းဆက်ကို ဝတ်လျက် Ice Americano ကိုသာ ပိုက်ဖြင့် စုပ်သောက်နေသည့် ဟန်သစ်အား နားမလည်စွာ ကြည့်ရင်း နံဘေးရှိ ဆွေ့အား ဝေလက်ကုတ်လိုက်ပါသည်။
ဆွေသည်လည်း ကော်ဖီသောက်နေရာမှ ဝေ့၏ မျက်စပစ်မှုကြောင့် လက်ထဲမှ ကော်ဖီခွက်ကို ချလိုက်ကာ

"သစ်သစ် တို့တွေကို ချိန်းလိုက််တာ၊ ငွေနှင်း မသိအောင် ကော်ဖီခိုးသောက်ဖို့တော့ မဟုတ်ပါဘူးနော်။"

ဟန်သစ်သည် သက်ပြင်းချလိုက်ကာ

"ခိုင့်ကို လက်ထပ်ချင်တယ်၊ ကူညီပေးကြပါ။"

"အယ််... ပြောတော့လည်း ဒဲ့ကြီးပါလား။"

"တို့တွေ ဘာလုပ်ပေးရမှာလဲ ပြောဦးလေ။"

"ခိုင့်ကို လက်ထပ်ချင်ကြောင်း ပြောလိုက်တယ်။"

"အင်း..."

"ပထမတစ်ကြိမ် အိမ်ထောင်ကွဲဖူးတာကြောင့် အခုတော့ သေချာစဉ်းစားပါရစေတဲ့။"

By Loving (own creation)Where stories live. Discover now