ဧည့်ခန်းအတွင်းတွင် သွန်းနှင့် ဖခင်ဖြစ်သူ ဝေယံဖြိုးတို့ အတူထိုင်နေကြလေသည်။
"သမီး သေချာစဉ်းစားပါ။ ဖေဖေက သမီးသဘောအတိုင်းပဲ။ ဒါပေမယ့် သမီးလေးကို ဒီအိမ်မှာ လာနေစေချင််တာကတော့ ဖေဖေရော သမီးအန််တီမေရောရဲ့ ဆန္ဒအမှန်ပါ။"
သွန်းက ဖခင်ဖြစ်သူ၏စကားကို ခေါင်းညိတ်လိုက်ကာ
"ဖေဖေဆိုလိုတာကို သမီးနားလည်ပါတယ်။ ဒါပေမယ့် မေမေ့ကို တစ်ယောက်တည်း ထားခဲ့ဖို့ကကျ မေမေ အဆင်ပြေပါ့မလား တွေးမိတယ်။ မေမေက သူ့တစ်ဘဝလုံး သမီးအတွက််ပဲ မြှုပ်နှံထားခဲ့တာဆိုတော့..."
"ဖေဖေ ဒီလိုပြောနေရတာလည်း သမီးမေမေအတွက်ပါပဲ။ သမီးသိတဲ့အတိုင်း သမီးမေမေက သမီီးအတွက်ကိုပဲ တစ်ချိန်လုံး တွေးနေခဲ့တာ၊ ဖေဖေ ငွေနှင်းကို နောက်တစ်ကြိမ် တူညီီတဲ့ စွန့်လွှတ်မှု ထပ်မလုပ်စေချင်လို့။"
သွန်းက ဖခင်ဖြစ်သူအား နားမလည်စွာ ကြည့်ရင်း နှုတ်ခမ်းစူလိုက်ကာ
"ဖေဖေ ပြောတာ သမီးနားမရှင်းဘူး။ မေမေက ဘာကို စွန့်လွှတ်ခဲ့ရလို့လဲဲ။"
"ဘဝကြီး တစ်ခုလုံးကိုပေါ့။"
..................
ဟန်သစ်သည် ထမင်းစားစားပွဲတွင် မေးထောက်ကာ ထိုင်နေရင်း မိမိ၏ မီးဖိုချောင်အတွင်း အလုပ်ရှုပ်နေသော ငွေနှင်းအား ကြည့်ကာ ပြုံးမိနေလေသည်။ ငွေနှင်းကတော့ အဆင်သင့်ချက်ပြုတ်ကာ တစ်ခါစားရုံ ဘူးသေးသေးလေးများဖြင့် ထည့်ထားသော ဘူးများကို ရေခဲသေတ္တာအတွင်းထည့်ရင်း
"ကြာကြာထားရင် မကောင်းမှာစိုးလို့ တစ်ပတ်စာပဲ ပြင်လာပေးတာ။ နွယ်စားခါနီးမှ Microwave ပြီး စားရုံပဲ။ ခိုင်နဲ့ ထမင်းအတူ မစားဖြစ်တဲ့ရက်တွေ ဒီအတိုင်း ထမင်းမစားဘဲ ပေတေမနေနဲ့နော်။"
ပြောရင်းပင် ရေခဲသေတ္တာ တံခါးကို ပိတ်လိုက်ကာ ဟန်သစ်အား လှည့်ကြည့်ရင်း
"ကြားလား... ပြောနေတာကို။"
"ကြားပါတယ် ခိုင်ရယ်၊ ဖြေးဖြေးမှာပါ။ ကျောင်းပိတ်ရက်ကြီး ရုတ်တရက် အိမ်တံခါးလာခေါက်တော့ နွယ့်ကို တွေ့ချင်လို့ များလားလို့။ ခုတော့ သူ့ဟင်းချက်လက်ရာတွေကို လာမျှဝေနေတာပဲ။"
YOU ARE READING
By Loving (own creation)
Romance(Zawgyi) မိမိ၏ငယ်ချစ်ဦးနှင့် ပြန်ဆုံပြီးနောက်၊ ပြန်လည်၍ ချစ်ကြိုးသွယ်မိရာမှ မထင်မှတ်သော အရှုပ်အထွေးများနှင့် ကြုံတွေ့လာရသော အမျိုးသမီးတစ်ဦးအကြောင်း။ ဤဇာတ်လမ်းတွင် ပါဝင်သော အချိန်ကာလ၊ နေရာဒေသ၊ အဖြစ်အပျက်၊ ဇာတ်ကောင်များ အားလုံးတို့သည် စာရေးသူ၏ စိတ်ကူးသ...
