Flash Back:
လွန်ခဲ့သော (၁၆) နှစ်
အတန်း၏ ပထမချိန် ပြီးသွားသည်နှင့်
မင်းမောင်မောင်က စာအုပ်များကို အမြန်သိမ်းက နံဘေးရှိ ဟန်သစ်အားလှည့်ကြည့်ရင်း
" ဟဲ့ အသစ် ... ငါတို့ ရုပ်ရှင်သွားကြမလို့ လိုက်ခဲ့ပါလား... နင်ကြိုက်တဲ့ မေသဉ္ဇာဦးကား ရုံတင်တယ်... "
" မလိုက်တော့ပါဘူးဟယ်... အတန်းရှိသေးတယ်လေ... "
" ခင်ချိုလည်း နယ်ပြန်သွားတဲ့ဟာ နင်တစ်ယောက်တည်း ကျန်ခဲ့ပြီး ဘာလုပ်မှာတုန်း... လိုက်ခဲ့စမ်းပါဟာ... "
" အို... မလိုက်ချင်ပါဘူး... နင်တို့ပဲ သွားလိုက်တော့... "
" စာကြမ်းပိုးမ..."
မကျေမနပ်ပြောလာသော သူငယ်ချင်း ဖြစ်သူအား ကြည့်ရင်း ဟန်သစ် ရယ်လိုက်လေသည်။
ထို့နောက် လွယ်အိတ်ထဲ လက်နှိုက်ရင်း
" သွားပါပြီ... အင်္ဂလိပ်စာကို Grammar စာအုပ် မှားယူလာမိတယ်... 4 skills အချိန်ကို... "
" ဟဲ့ ... စာအုပ်မပါလက်စနဲ့ လိုက်ခဲ့ဟာ... "
" မင်းမောင်ရယ် တော်စမ်းပါ... ငါ့အဆောင်က ကျောင်းထဲမှာတင်ဟာကို သွားယူရလွယ်တယ်... ငါ စာအုပ်သွားယူဦးမယ်... နင်တို့ပဲ သွားလိုက်တော့နော်... ငါ နောက်တစ်ခေါက်မှ လိုက်တော့မယ်... တာ့တာ ... "
ဟန်သစ်က ပြောရင်း လွယ်အိတ်ကို ကောက်ဆွဲက ထွက်လာခဲ့လေ၏။
အဆောင်၌ စာအုပ်ပြန်ယူပြီး ကျောင်းသို့ ပြန်လာရာ လမ်း၌ မင်းမောင်တို့နှင့် တွေ့လေ၏။
" အသစ်ရေ... အင်္ဂလိပ်စာဆရာမ မလာဘူးတဲ့... ရုပ်ရှင်သွားကြမယ် သူငယ်ချင်း... "
" ပေါက်ကရ... "
" နေတော့ဟာ ... roll call တော့ ရမယ်ဆို နာမည်ခိုးထူးပေးနော်... "
" အသံက တော်တော်တူတာကိုး... "
" အဲ့ဆရာမအချိန် ငါတစ်ခါမှ မတက်ဖူးတော့ ငါ့အသံကို မသိလောက်ပါဘူး... "
" တစ်ခါမှ မတက်ဖူးလို့ ဘယ်သူလဲဆိုပြီး မတ်တပ်ရပ်ခိုင်းရင် ဘယ်လိုလုပ်မလဲ... သွားစရာရှိတာသွား... roll call မခေါ်ဘဲ စာရွက်နဲ့ roll number ရေးခိုင်းရင် ငါရေးပေးမယ် ဟုတ်ပြီလား... "
YOU ARE READING
By Loving (own creation)
Romance(Zawgyi) မိမိ၏ငယ်ချစ်ဦးနှင့် ပြန်ဆုံပြီးနောက်၊ ပြန်လည်၍ ချစ်ကြိုးသွယ်မိရာမှ မထင်မှတ်သော အရှုပ်အထွေးများနှင့် ကြုံတွေ့လာရသော အမျိုးသမီးတစ်ဦးအကြောင်း။ ဤဇာတ်လမ်းတွင် ပါဝင်သော အချိန်ကာလ၊ နေရာဒေသ၊ အဖြစ်အပျက်၊ ဇာတ်ကောင်များ အားလုံးတို့သည် စာရေးသူ၏ စိတ်ကူးသ...
