Part 4 (Unicode)

494 60 6
                                        

လွန်ခဲ့သော(၁၆)နှစ်

အတန်းရှေ့၌ roll call ခေါ်နေသော ငွေနှင်းအား ဟန်သစ်တစ်ယောက် မေးထောက်ကာ ငေးကြည့်နေလေ၏။

မင်းမောင်က ဟန်သစ်အနားကပ်ကာ

"မဆိုးပါဘူး။ လှသားပဲ..."

ဟန်သစ်က ပြုံးလိုက်ကာ

"ဟုတ်တယ်မလား... ငါက လူရွေးတာတော်ပါတယ်ဟ..."

"အပိုတွေပြောမနေနဲ့။ ငါ နင့်ကြောင့် ဒီနေ့အတန်းလာတက်တာ။ အစက ဟိုကောင်တွေနဲ့ ရန်ကုန်တက္ကသိုလ်ထဲ လိုက်သွားမလို့ကို..."

"ငါတကယ် သဘောကျနေတာဟ..."

"သွား... ဌာနကို အတူလိုက်ပို့ပေးလိုက်။"

"ဖြစ်ပါ့မလား..."

"အတန်းပြီးရင် လိုက်သွားစမ်းပါ။ ငါ့စကား နားထောင်။ မမှားစေရဘူး..."

ဟန်သစ်က သက်ပြင်းချလျက် ငွေနှင်းအား ကြည့်လိုက်လေ၏။

ငွေနှင်းက စာအုပ်များကို သိမ်းလိုက်ရင်း

"Good Bye, Class"

"Good Bye, Teacher. Thank you, Teacher. See you next week."

နှုတ်ဆက်ပြီးသည်နှင့် မင်းမောင်က ဟန်သစ်အား တွန်းလွှတ်လိုက်လေ၏။

"သွား... မြန်မြန်"

ဟန်သစ်လည်း မင်းမောင်ကို ကြည့်၍ သက်ပြင်းချလျက် Theater ၏ လှေကားထစ်အတိုင်းဆင်းလာလျက် အတန်းရှေ့ကို လျှောက်လာလေ၏။

"သမီးကို စာအုပ်တွေပေးပါ၊ တီချယ်။ သမီးလိုက်ပို့ပေးပါမယ်။"

"အယ်... ရပါတယ် သမီးရဲ့။ တကူးတကကြီး အလုပ်ရှုပ်အောင်။"

"တကူးတက မဖြစ်ပါဘူး၊ တီချယ်ရဲ့။ သမီးလည်း အင်္ဂလိပ်စာဌာနကို သွားမှာ။ သမီး သူငယ်ချင်းက Grammar စာအုပ်ထပ်ထားတာ၊ ပြန်မယူရသေးဘူး၊ သူကလည်း ဒီနေ့ ကျောင်းမလာတော့ သမီးကို သွားယူပေးပါဆိုလို့။"

"ဪ... ဒါဆိုလည်း ကောင်းပါပြီရှင်။"

ငွေနှင်းက ပြုံးလျက် ပြောလိုက်လေရာ ဟန်သစ်က စားပွဲပေါ်ရှိ စာအုပ်များကို လက်ထဲပွေ့လျက် မူလက ကိုင်ထားသည့် ကတ်ဆက်တိတ်ခွေကို ထိုစာအုပ်များအပေါ် တင်လျက် ရင်ဘတ်နှင့် ကပ်၍ ပိုက်လိုက်လေ၏။

By Loving (own creation)Where stories live. Discover now