Part - 1 (Unicode)

1.2K 84 10
                                        

သွန်းသက်ခြယ်တစ်ယောက် အိပ်ရာမှ နိုးလာသည်နှင့် မီးဖိုထဲတွင် အလုပ်ရှုပ်နေသော မိခင်ဖြစ်သူ ငွေနှင်းခိုင်အား ပြေးဖက်ကာ

" မီး  နိုးပြီ မေမေ... ဘာလုပ်ပေးရမလဲ... "

ငွေနှင်းခိုင်က သွန်းသက်ခြယ်၏ ခေါင်းကို
လက်ဖြင့် ခပ်ဖွဖွ ပုတ်ကာ

" မျက်နှာအရင် သွားသစ်လိုက် ... ပြီးရင် မနက်စာစားမယ်... မြန်မြန်လုပ်နော်... "

"ဟုတ်... "

သွန်းက ရေချိုးခန်းအတွင်း ပြေးဝင်သွားလေ၏။
ငွေနှင်းကတော့ သမီးဖြစ်သူအား ငေးကြည့်ရင်း
ပြုံးမိပါသည်။

သည်ကလေး မျက်စိရှေ့တွင်ပင် တဖြည်းဖြည်း ကြီးပြင်းလာပြီပဲ...
အမေတစ်ခု သမီးတစ်ခု ဘဝမှာ အမေကို ဘယ်လောက်တောင် ချစ်သလဲဆို တက္ကသိုလ်တက်တာတောင် အမေ လက်ထောက်ကထိကအဖြစ် တာဝန်ကျတဲ့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်ကိုမှ ရွေးတက်လေသည်။

သည်သို့ဆိုလျှင် ငွေနှင်းသည်လည်း လက်ထောက်ကထိက ရာထူးတိုးခဲ့စဉ်က သွန်းကြောင့် တောင်ကြီးတက္ကသိုလ်သို့ မပြောင်းရွှေ့ဘဲ မျိုးယဉ်နုမှာပဲ ဆက်လက် တာဝန်ထမ်းဆောင်နေခဲ့သည်ပဲလေ...

အသက်က အခုမှ ၄၀ ဆိုတာ အစိုးရဝန်ထမ်းတစ်ဦးအနေနဲ့ ရာထူးတိုးဖို့ အလားအလာ အများကြီး ရှိသေးသည်မဟုတ်ပါလား...

ငယ်ငယ်ရွယ်ရွယ်နှင့် မထင်မှတ်ဘဲ ကလေးအမေ ဖြစ်ခဲ့ရသဖြင့် အိမ်ထောင့်တာဝန်အတွက် အိပ်မက်အချို့ကို စွန့်လွှတ်ခဲ့ရလေသည်။
အသက် ၂၃ ခန့်အရွယ်က B.A(Hons) ဘွဲ့ရကာစ Tutor အလုပ်ကတစ်ဖက်၊ ကလေးကတစ်ဖက်၊ M.A အတွက် စာလုပ်ရသည်ကတစ်ဖက်နှင့် အတော်လေးပင်ပန်းခဲ့ရသည်။ အနားတွင် လူတစ်ယောက် ရှိနေခဲ့လို့သာ တော်တော့သည်။

သို့ပေမယ့် သွန်းက အလွန်လိမ္မာ သိတတ်ကာ
ကောင်းမွန်စွာ ကြီးပြင်းလာခဲ့ပေသည်။

..................................................

ဟန်သစ်နွယ်တစ်ယောက် ရန်ကင်းဝန်ထမ်းအိမ်ရာဝန်းအရှေ့ ကားကို ထိုးရပ်လိုက်ကာ တံခါးကို
ဆွဲဖွင့်လိုက်လေ၏။

By Loving (own creation)Where stories live. Discover now