Peal Condo Lotteria အတွင်း သွန်းတို့ သူငယ်ချင်း သုံးယောက်သား အတူထိုင်ကာ မုန့်စားနေကြလေ၏။
"ဘာပဲပြောပြော သွန်းကို တီချယ် ပြောပေးလိုက်တာ တော်တော် အဆင်ပြေသွားတယ်။ ငါ့အိမ်ကလည်း သွန်း ပါတယ်ဆိုတော့ လျှောလျှောလျှူလျှူပဲ..."
ရတီ့၏ စကားကြောင့် လမင်းနှင့် သွန်းက ခေါင်းညိတ်လိုက်ကြလေသည်။
"မေမေက ငါပြောရင်လည်း ရပါတယ်။ ဒါပေမယ့် ငါ့စိတ်ကလေ တီချယ့်ကိုဆို တအား အားကိုးချင်နေတာမျိုး ဖြစ်နေတာ။ အမြဲတမ်း ငါတို့ဘက်က နေပေးနေလို့လားတော့ မသိဘူး။"
"အေးပေါ့... လူကသာ အေးတိအေးစက်ပုံစံဖြစ်နေပေမယ့် နင့်အမေနဲ့တော့ တော်တော်ရင်းနီးတာနော်။ အောင်ဇေယျထဲမှာ အမြဲ တပူးပူး၊ တတွဲတွဲ တွေ့တယ်တဲ့။"
"ဟုတ်မှာပေါ့။ မေမေကလေ ငါနဲ့သာ နေ့တိုင်း အတူမပြန်တာ သိလား။ တီချယ့်ကိုတော့ ညနေတိုင်း စောင့်တာနော်။ တီချယ်က စောပြန်တာ ရှားတယ်။ တကယ် ထိုင်စောင့်နေတာဟေ။ အံ့ဩပါ့။"
"အေးပေါ့။ တီချယ်သစ်ကလည်း နင့်အမေကို တအားဂရုစိုက်တာလေ။ ရာထူးအရ ကြည့်ရင် သူက ဌာနမှူးပေမယ့် မသိရင် နင့်အမေရဲ့ driver ကျနေတာပဲ..."
လမင်း၏ စကားကြောင့် သူငယ်ချင်း သုံးယောက်သား ရယ်လိုက်လေသည်။
ရတီက အဝင်တံခါးဝကို လှမ်းကြည့်ရင်း
"ဟဲ့ ဟိုမှာ ... တီချယ် မဟုတ်လား။"
ရတီ့၏ စကားကြောင့် သွန်းတို့က လှည့်ကြည့်လိုက်လေ၏။
"ဟယ်... ဟုတ်ပါရဲ့။ တီချယ်..."
နံဘေးမှ ဖြတ်သွားသော ဟန်သစ်အား သွန်းက ရုတ်တရက် မတ်တပ်ရပ်ကာ ခေါ်လိုက်လေလျှင် ဟန်သစ်က လှည့်ကြည့်လာလေ၏။
ဟန်သစ်က သွန်းတို့ကို ကြည့်ကာ အံ့ဩသွားလေသည်။ ထို့နောက် အပြာရောင်အောက်ခံ Mickey Mouse အဆင် pajamas ဝတ်ထားသော သူမကိုယ်သူမ ငုံ့ကြည့်ကာ ရှက်ပြုံးပြုံးလိုက်လေသည်။
"တီချယ်... မုန့်လာစားတာလား..."
"အေးကွယ်... သမီးတို့ကရော ပိတ်ရက်ဆိုတော့ အပြင်ထွက်လည်ကြတာလား..."
YOU ARE READING
By Loving (own creation)
Romance(Zawgyi) မိမိ၏ငယ်ချစ်ဦးနှင့် ပြန်ဆုံပြီးနောက်၊ ပြန်လည်၍ ချစ်ကြိုးသွယ်မိရာမှ မထင်မှတ်သော အရှုပ်အထွေးများနှင့် ကြုံတွေ့လာရသော အမျိုးသမီးတစ်ဦးအကြောင်း။ ဤဇာတ်လမ်းတွင် ပါဝင်သော အချိန်ကာလ၊ နေရာဒေသ၊ အဖြစ်အပျက်၊ ဇာတ်ကောင်များ အားလုံးတို့သည် စာရေးသူ၏ စိတ်ကူးသ...
