Part 2 ( Unicode)

540 59 10
                                        

အာရုံထဲတွင် တစ်နေ့မှ မမေ့နိုင်ခဲ့သော ခပ်သွယ်သွယ်ထိုမျက်နှာအား ပြန်လည်၍ မြင်တွေ့နိုင်မည်ဟု ငွေနှင်း မထင်ခဲ့သည်မှာ အမှန်ပင်။

ဘေးနားမှ ဝေနှင့်ဆွေတို့၏ စကားများမှာ နားထဲသို့ ဝင်တစ်ချက်၊ မဝင်တစ်ချက်။ ဖုန်းလာသဖြင့် အိမ်ရှေ့ထွက်ကာ ဖုန်းပြောနေသော ဟန်သစ်ကိုသာ ငေးကြည့်နေမိလေသည်။

ဟန်သစ်သည် လွန်ခဲ့သော ၁၄နှစ်ကအတိုင်းပင်။ မည်သည့် တစ်စုံတစ်ရာမျှ ပြောင်းလဲသွားခြင်း မရှိပေ။ ဖြောင့်တန်းနေသော မျက်ခုံးများ၊ ဝိုင်းစက်နေသောမျက်လုံးများ၊ ရှည်လျားသောမျက်တောင်များ၊ ခပ်သွယ်သွယ် ခန္ဓာကိုယ်။ အင်း... ဆံပင်များကိုတော့ ဆေးဆိုးလိုက်သည် ထင်ပါရဲ့... ယခင်အမည်းရောင်ဆံပင်များမှ အညိုရောင်သို့ ပြောင်းနေလေသည်။

ဆွေက စကားပြောနေရင်း ငွေနှင်းအား အကဲခတ်နေလေ၏။ ဝေကတော့ အရီနှင့်သွန်းတို့ ဝယ်လာသည့် မုန့်များကို စားလိုက်၊ စကားပြောလိုက်နှင့်ပင်။

"အဲ... သမီးတို့ရေ... ရေနွေးကုန်သွားပြီ ... သွားယူပေးပါဦး..."

ဆွေ့စကားအဆုံး သွန်းက ခေါင်းငြိမ့်ကာ ရေနွေးခရားကို ယူလိုက်ကာ အနောက်သို့ဝင်သွားလေလျှင် အရီကလည်း သွန်းနှင့်အတူ လိုက်သွားလေ၏။

ဆွေက ငွေနှင်းကို လက်တို့လိုက်ကာ

" ငါတို့တွေ ဘေးမှာရှိနေသေးတယ် သူငယ်ချင်း..."

ဆွေ့စကားကြောင့် ငွေနှင်းရော ဝေပါ လှည့်ကြည့်လာကြလေ၏။ ဝေကတော့ ပြုံးလိုက်ကာ

"သံယောဇဉ်ဆိုတာ ဖြတ်ရခက်သားလား..."

ငွေနှင်း ခေါင်းငြိမ့်ကာ ထောက်ခံလိုက်လေသည်။

" မဝေပြောတာ မှန်တယ်... ဒီကြားထဲလည်း....."

"ဟိုမှာ လာနေပြီ..."

ငွေနှင်း၏ စကားမဆုံးမီ ဝေက ဖြတ်၍ ပြောလိုက်သဖြင့် သုံးယောက်သား လှည့်ကြည့်လိုက်ကြလေ၏။

ဟန်သစ်က ပြုံးလျက် ဝေ့နံဘေးသို့ ဝင်ထိုင်လိုက်လေ၏။

By Loving (own creation)Where stories live. Discover now