"ခိုင်..."

"ရှင်..."

"PhD ကိုလေ English Speaking Country တစ်ခုခုမှာ လေ့လာမလားဟင်။"

"ဘာလို့လဲ နွယ်ရဲ့။ ဒီမှာ ကျောင်းလည်း အပ်ပြီးပြီ၊ Thesis Title ရွေးပြီး​နေပြီကို။"

"ပိုပြီးများ တိုးတက်မလားလို့။ နွယ်လည်း လိုက််နေပေးမယ်လေ။ ကျောင်းပြီးတဲ့အခါ ဟိုမှာပဲ အခြေချချင်ရင်ချ၊ ဒါမှ မဟုတ်လည်း ဒီကိုပဲ ပြန်လာ၊ သွန်းကို ဖွင့်ပြောပြီး နှစ်ယောက်ဘဝတစ်ခု တည်ထောင်ရအောင်။"

ငွေနှင်းသည် ပြုံးလိုက်ကာ မိမိ၏ ကိုယ်ကို အသာအယာ စောင်းလိုက်ပြီး ဟန်သစ််အား မျက်လုံးချင်းစုံအောင် ကြည့်လိုက်လေသည်။

"ဒါ အခု ခိုင့်ကို Propose လုပ်နေတာလား။"

"ဆိုပါတော့ ခိုင်ရယ်၊ နွယ် ခိုင်နဲ့ ဝေးရမှာ ကြောက်တယ်။ ဝေးပြီး မနေနိုင်ဘူးကွာ။ နွယ်တို့ နှစ်ယောက်လုံးလည်း မငယ်တော့ဘူး။ နွယ့်မှာ ခိုင့်ကို တင့်တောင့်တင့်တယ်ထားနိုင်တဲ့ အရည်အချင်း ရှိပါတယ်။"

"နွယ့််ကို ယုံပါတယ်၊ ဒါပေမယ့် မလောလွန်းဘူးလားဟင်။"

"ခိုင်နဲ့နွယ်က အကြောင်းကြောင်းကြောင့် ဝေးခဲ့ရပေမယ့် တစ်ယောက်အကြောင်း တစ်ယောက် သိခဲ့တာက ကြာပြီပဲဟာ။"

"ဟုတ်တယ်၊ ခိုင်တို့တွေ မငယ်ကြတော့ဘူး။ ဒါပေမယ့် ဒီမှာ အခြေကျနေပြီမို့ ခိုင် တခြားနေရာကို မသွားချင်ဘူး။ နွယ့်ကို ခိုင်ချစ်ပါတယ်။ ခိုင်လည်း နွယ်နဲ့ ထပ်ပြီး ခွဲမနေချင်ပါဘူး။"

"ဒါဆို ဒီီအတိုင်းပဲ နှစ်ဖက်အသိုင်းအဝိုင်းကို အသိပေးပြီး ဆွမ်း​ကျွေးတာပဲဖြစ်ဖြစ် လုပ်ကြမလား။ ဒီနိုင်ငံမှာ တရားဝင်လက်ထပ်ခွင့် မရှိသေးပေမယ့်လည်း စာချုပ်စာတမ်းနဲ့ ဖြစ်ချင်ရင် အသိတရားသူကြီးနဲ့ လက်မှတ်ထိုးလိုက််လည်း ရတာပဲ။ မင်္ဂလာပွဲ လုပ်ချင်တယ်ဆိုလည်း ရအောင် စီစဉ်ပေးမယ်။"

"နေပါဦး၊ ဘယ်သူကများ နွယ့်ကို ယူပါမယ်ပြောလို့ ဆွမ်းကျွေးဖို့တွေ၊ လက်မှတ်ထိုးဖို့တွေ၊ ပွဲလုပ်ဖို့တွေ တွေးနေရတာလဲ။"

By Loving (own creation)Where stories live. Discover now