"ရှက်နေတာလား အဲ့ဒါ။"
"ခိုင်က ရုတ်တရက်ကြီး ဘေးနားကနေ မျက်လုံးရွဲကြီးတွေနဲ့ အဲ့လို ကြည့်ပြီး၊ စကားလုံး လှလှလေးတွေ ပြောနေတဲ့ဟာ ရင်မခုန်ဘဲ နေပါ့မလား။"
"နောက်ဆုံးတော့ ဒေါက်တာဟန်သစ်နွယ်ကို ရှက်အောင် လုပ်နိုင်ခဲ့ပြီပဲ။ ဝမ်းမြောက်ဂုဏ်ယူရပါတယ်။"
ပြောကာ တခစ်ခစ် ရယ်နေသော ငွေနှင်းအား ဟန်သစ်က အသည်းယားစွာ ကြည့်ကာ
"ခိုင် မကောင်းဘူးကွာ။ ထိန်းထားရတဲ့ နွယ့်ရဲ့ စိတ်တွေ၊ တားထားရတဲ့ စည်းတွေကို နွယ့်လက်နဲ့ နွယ် ရိုက်ချိုးမိအောင် လာလုပ်နေတယ်။"
မိမိအား ရီဝေစွာ ကြည့်ရင်း ပြောလာသော ဟန်သစ်၏ စကားအဆန်းတို့ကို အဓိပ္ပာယ်ဖွင့်နေစဉ်မှာ ဟန်သစ်၏ ညာဘက်လက်မှာ မိမိ၏ ခါးအား နူးညံ့စွာ ပွေ့ဖက်လာသကဲ့သို့ ဘယ်ဘက်လက်သည် မိမိ၏ ပါးပြင်ကို ထိကပ်ကာ မိမိ၏ နှုတ်ခမ်းအစုံကို ကျူးကျော်သိမ်းပိုက်လာလေသည့် ဟန်သစ်၏ နှုတ်ခမ်းများကြောင့် ငွေနှင်းမှာ မျက်လုံးကို မှိတ်ချလိုက်ကာ ထိုအနမ်းများအား မက်မောစွာ တုံ့ပြန်မိလေသည်။
နှလုံးသားချင်း ပြန်လည်နီးစပ်ခဲ့သည့်် တစ်လကျော်အတွင်း စောင့်ထိန်းခဲဲ့သမျှ ကျင့်ဝတ်များ၊ အလိုဆန္ဒများကို ဟန်သစ် မေ့ပစ်လိုက်ပါပြီ။ ငွေနှင်း၏အနားတွင်် ရှိနေချင်သည့်စိတ်၊ ငွေနှင်းအား ပိုင်ဆိုင်ချင်သည့်စိတ်မှတစ်ပါး အခြားအရာများကို မစဉ်းစားချင်တော့ပါ။
"နွယ့်ကို ခွင့်ပြုပေးမယ်မဟုတ်လားဟင်။"
ထိတွေ့နေသည့် နှုတ်ခမ်းအစုံကို ဖြည်းညင်းစွာ ရပ်တန့်ကာ ငွေနှင်းအား ကြင်နာစွာ ကြည့်ရင်း မေးလာသည့် ဟန်သစ်အား မည်သို့သော အားအင်ဖြင့်် ငြင်းရပါမည်နည်း။ ငွေနှင်း ခေါင်းညိတ်လိုက်ကာ ဟန်သစ်၏ နှုတ်ခမ်းအစုံကို မက်မောစွာ နမ်းရှိုက်လိုက်လေသည်။
..............................
ကုတင်ခေါင်းရင်းဘောင်၌ ခေါင်းအုံးနှစ်လုံးကို ဆင့််၍ မှီနေသည့် ဟန်သစ်မှာ မိမိိ၏ ရင်ခွင်အတွင်း တင်းကျပ်စွာ ပွေ့ဖက်ထားသည့် ငွေနှင်း၏ ဆံစတို့ကို ခပ်ဖွဖွ နမ်းလိုက်လေသည်။
DU LIEST GERADE
By Loving (own creation)
Romantik(Zawgyi) မိမိ၏ငယ်ချစ်ဦးနှင့် ပြန်ဆုံပြီးနောက်၊ ပြန်လည်၍ ချစ်ကြိုးသွယ်မိရာမှ မထင်မှတ်သော အရှုပ်အထွေးများနှင့် ကြုံတွေ့လာရသော အမျိုးသမီးတစ်ဦးအကြောင်း။ ဤဇာတ်လမ်းတွင် ပါဝင်သော အချိန်ကာလ၊ နေရာဒေသ၊ အဖြစ်အပျက်၊ ဇာတ်ကောင်များ အားလုံးတို့သည် စာရေးသူ၏ စိတ်ကူးသ...
Part 9 (Unicode)
Beginne am Anfang
