"ဆိုပါတော့... မမသစ်နဲ့ UK မှာ အတူနေခဲ့တာ၊ အခု ပြန်ရောက်တုန်း လာတွေ့တာပါ။ ဒါပဲနော်... သူ့ဆီ မလာဖြစ်ရင်တောင် ညီမလေးတို့ဆီ လာလည်မှာ။"

"ဟုတ်ကဲ့ပါ။ အစ်မကိုဆို အမြဲ Welcome ပါနော်။"

ခက်က သူမ၏ ပါးချိုင့်လေး ပေါ်အောင် ပြုံးလိုက်လေကာ

"ဒါဆို အားမနာတမ်း တစ်ခုလောက် မေးလို့ရမလား။"

"ဟုတ်..."

"မနက်က ညီမလေး မမသစ်ဆီ ထမင်းဘူးသွားပို့တာလား။ ဘာလို့ဆို လက်ထဲက ထမင်းဘူးကို မမသစ် စားပွဲပေါ် တွေ့လိုက်တယ်လေ။"

"ဟုတ်တယ် အစ်မ၊ လမ်းကြုံ ဝင်ပို့ပေးတာပါ။"

"ဪ..."

"တီချယ်တစ်ယောက်က လမ်းကြုံသွားပို့ခိုင်းလိုက်လို့လေ။"

ခက် ဘာမှ ဆက်မပြောဘဲ သွန်းကိုသာ ကြည့်နေပေလေသည်။ ထိုကလေးမသည်လည်း ရွှင်သာစွာ ပြုံးကာ ခက်အား ကြည့်နေလေသည်။
.....................

ဟန်သစ်၏ စာကြည့်ခန်းအတွင်းတွင် ဟန်သစ်နှင့် ငွေနှင်းတို့ Laptop တစ်ယောက် တစ်လုံးစီဖြင့် အလုပ်ရှုပ်နေလေသည်။

"ခိုင် ရှာချင်တဲ့ Keyword ကို ဒီနေရာမှာ ထည့်လိုက်ရင် သူနဲ့ relate ဖြစ်နေတဲ့ research paper တွေ ထွက်လာလိမ့်မယ်။ တစ်ခုစီ ဖတ်ကြည့်ပြီး လိုတဲ့ အချက်တွေကို Word file နဲ့ သပ်သပ် စုထားပြီး၊ လိုတဲ့အခါ ပြန်ဆွဲထုတ် ရေးပေါ့။ Plagiarism မမိအောင်တော့ ဂရုစိုက် ရေးရမှာပဲ။ တစ်နေ့တစ်ခါ ရေးပြီးသလောက် နွယ် ပြန်စစ်ပေးပါ့မယ်။"

ငွေနှင်းသည် မိမိ၏ နံဘေး ထိုင်ကာ စိတ်ရှည်၊ လက်ရှည် ရှင်းပြနေသော ဟန်သစ်ကြောင့် ပြုံးလိုက်မိလေသည်။

"လွန်ခဲ့တဲ့ ၁၆နှစ်က နွယ့်နေရာကို အခု တို့ရောက်နေပြီ ထင်တယ်။"

"ဟင်... ဘာလို့လဲ။"

"ရှင်းပြတဲ့ စာထက်၊ စာရှင်းပြတဲ့လူကို ပိုစိတ်ဝင်စားနေတာ။"

မိမိ၏ စကားကြောင့် ရှက်သွေးဖြာကာ နီမြန်းသွားသော ဟန်သစ်၏ ပါးနှစ်ဖက်ကြောင့် ငွေနှင်း အသံထွက်အောင်ပင် ရယ်လိုက်မိလေသည်။

By Loving (own creation)Donde viven las historias. Descúbrelo ahora