Part 9 (Unicode)

Começar do início
                                        

"လက်ပေးပါဦး။"

သူမဖာသာ ပြောရင်း သွန်း၏ လက်တို့ကို ဆွဲယူသွားကာ သူမအိတ်အတွင်းရှိ အနာကပ်ပလာစတာလေးကို ထုတ်ယူပြီး ကပ်ပေးနေသော ထိုအမျိုးသမီးအား သွန်း ငေးကြည့်​နေမိလေသည်။ သူမသည် စိတ်တိုင်းကျ ပြုမူ၍ စိတ်ကျေနပ်ခါမှ

"လက်က အပေါ်ယံပဲ ရှသွားတာပါ၊ စိုးရိမ်စရာ မလိုပါဘူး။ အိမ်ပြန်ရောက်ရင်တော့ ဆေးထည့်လိုက်နော်။"

သွန်းက ဘာမှ မပြောဘဲ ငေး၍သာ ကြည့်နေလေရာ

"အာ... Sorryပါ။ ဆရာဝန်မို့လို့ တစ်ခုခုဆို ကြည့်မနေနိုင်တာနဲ့။"

သွန်းက ပြုံးလိုက်ကာ

"မနက်က တီချယ့်ရုံးခန်းကို မေးတဲ့ အစ်မ မဟုတ်လား။"

"ဟုတ်တယ်၊ မှတ်မိသားပဲ။"

"ကျေးဇူးပါ အစ်မ။ ကူညီပေးလို့။"

သွန်းက ခက်၏ အနေအထားကို ကြည့်လိုက်ကာ

"အစ်မ တစ်ယောက်တည်းဆို ညီမတို့နဲ့အတူထိုင်ပါလားဟင်။"

"ရပါတယ်၊ အစ်မက ခုနကတည်းက အနောက်ဝိုင်းမှာ ထိုင်နေတာ၊ ထပြန်ခါနီးပဲ ညီမလေး အခုလို ဖြစ်သွားလို့ ကူပေးတာ။"

"ဒါဆိုလည်း အအေးလေးဖြစ်ဖြစ် ဝယ်တိုက်ပါရစေ။ တစ်ရက်တည်းမှာ မထင်မှတ်ဘဲ နှစ်ကြိမ်ဆုံရတာဆိုတော့လေ၊ ပြီးတော့လည်း ကျေးဇူးတင်ချင်လို့။"

"ဒီလိုဆိုရအောင် မနက်က အစ်မက ကူညီခံရသူပါ။"

"ညီမက လမ်းညွှန်ပေးရုံက လွဲလို့ ဘာလုပ်ပေးခဲ့ဖူးလို့လဲ။ အစ်မကသာ..."

"အစ်မလည်း ပလာစတာလေးပဲ ကပ်ပေးတာပါ။ ထားပါလေ၊ ညီမလေးရဲ့ စေတနာကို အသိအမှတ်ပြုပေမယ့် ကလေးတွေဆီကနေ မုန့်ကပ်စားလို့ မဖြစ်တာမို့၊ အစ်မပဲ အအေးဝယ်တိုက်ပါ့မယ်။ နောက်လည်း ညီမလေးတို့ ဌာနကို မကြာခဏရောက်နေမှာဆိုတော့ ခင်လည်း ခင်ချင်ပါတယ်။ အစ်မနာမည်က ပွင့်ခက်ဝေပါ။"

"ညီမက သွန်းသက်ခြယ်၊ ဒီဘက်က လမင်းငယ်၊ ဟိုဘက်က ရတီမိုးအေး။ ညီမတို့အကုန် တစ်မေဂျာတည်း၊ အစ်မကရော တီချယ့်အသိလား။"

By Loving (own creation)Onde histórias criam vida. Descubra agora