"ဟုတ်တယ်၊ ခိုင်တို့ နှစ်ယောက်ပဲ ပြန်ရမှာ။"

"ဒါဆို အိမ်လိုက်ခဲ့မလား။ Reference တွေအတွက် စာတမ်းတွေ ရှာပြီးဖတ်ထားလို့ ရအောင်။"

"အင်း၊ လိုက်ခဲ့မယ်လေ။"

"ဒါဆို ခဏလေးစောင့်၊ နွယ် ပစ္စည်းသိမ်းဦးမယ်။"

ပြောရင်း နေရာမှ ထသွားသော ဟန်သစ်အား လှမ်းကြည့်ရင်း

"ဆံထုံး ပြန်ထုံးဦးလေ နွယ်။"

"ဟုတ်ပါရဲ့၊ မေ့နေတာ။"

ဟန်သစ်က ရင်ဘတ်ပေါ်အထိ ရှည်လျားကာ Layer ညှပ်ထားသည့် သူမ၏ ဆံပင်တို့ကို လက်ဖြင့် စုစည်း၍ ခရုပတ်ဆံထုံးအလွယ် ထုံးလိုက်ကာ ခွကလစ်များဖြင့် ထိုးလိုက်သည်ကို ငွေနှင်းမှာ ငေးကြည့်နေမိလေသည်။

......................

Junction Square Spicy House အတွင်းတွင် သွန်းသည် သူငယ်ချင်းများနှင့်် ထိုင်နေကြလေသည်။ သွန်းသည် စကားပြောနေရင်း အမှတ်မထင် နံဘေးရှိ ရေခွက်ကို တိုက်ချလိုက်မိလေသည်။

"ခွမ်း"

စားပွဲထိုးကောင်မလေးက ပြေးလာကာ သိမ်းဆည်းပေးသော်လည််း မိမိကြောင့် ဖြစ်သွားသဖြင့် သွန်းက တာဝန်တသိ ကူပေးနေလေသည်။

"ရတယ် အစ်မ၊ ထားလိုက်ပါ။ လက်ရှနေဦးမယ်။"

"မဟုတ်တာ။"

ပြောနေရင်းပင် ဖန်ကွဲစသည် သွန်း၏ လက်အတွင်းသို့ စိုက်ဝင်သွားလေကာ သွေးစအချို့ ထွက်လာလေ၏။

"အယ်... အစ်မ လက်ထိသွားပြီ။"

"ရတယ်၊ ညီမလေး။ အိမ်ရောက်မှ ဆေးထည့်လိုက်မယ်။"

သွန်းက ပြောနေစဉ်မှာပင် မိမိ၏ လက်တို့အား ရုတ်တရက်ဆွဲကိုင်လိုက်သော တစ်စုံတစ်ယောက်ကြောင့် ထိတ်လန့်သွားလေ၏။

"လက်ကို ဘယ်မှာ ရေဆေးလို့ရမလဲ။"

"အထဲမှာ ဘေစင်ရှိတယ်၊ ညီမလေး ခေါ်သွားလိုက်မယ်။"

"လက်သွားဆေးလိုက်နော်။"

သွန်းက တုတ်တုတ်မျှမလှုပ်ဘဲ ထိုအမျိုးသမီးကိုသာ ငေးကြည့်နေရာမှ ခေါင်းညိတ်လိုက်ကာ စားပွဲထိုးကောင်မလေး ခေါ်ရာသို့ လိုက်သွားလေသည်။
..............
သွန်း လက်ဆေးပြီး၍ ပြန်ထွက်အလာ ထိုအမျိုးသမီးမှာ သွန်း၏ သူငယ်ချင်းများနှင့် ထိုင်ကာ စကားပြောနေလေ၏။ ထိုအမျိုးသမီးက သွန်းကို မြင်လျှင် ပြုံးလိုက်လေသည်။ သွန်းက သူမ၏ နံဘေးထိုင်ခုံ၌ ထိုင်လိုက်လျှင် ထိုင်လိုက်ချင်း

By Loving (own creation)Donde viven las historias. Descúbrelo ahora