Part - 8 (Unicode)

Start from the beginning
                                        

"သစ်သစ်ရယ်၊ နင့်စက်ဘီးက မြင့်လိုက်တာ။"

"ဟုတ်တယ်၊ သစ်သစ်က ခြေတံရှည်တော့ ပုံမှန်အတိုင်းဆို နိမ့်ရင် ညောင်းလို့။"

"ရော့... ကိုယ့်စက်ဘီး ကိုယ်ပြန်ယူ။ တွန်းပြီးပဲ သွားကြရအောင်။"

ဟန်သစ်က ရယ်ရင်း စက်ဘီးဂိုက်ကို ထိန်းလိုက်လေသည်။

"ခိုင်ကတော့ အသက်ရှည်မှာပါပဲ။"

"ဘာလို့လဲ။"

"တီချယ်တို့လို ရယ်ရတဲ့ အပေါင်းအသင်း ရှိလို့လေ။"

ဝေကတော့ ဘာမှ ပြန်မပြောဘဲ မျက်စောင်းသာထိုးလိုက်လေသည်။
.................
မြန်မာစာဌာနခန်းအတွင်းသို့ ဝင်သွားသော ဝေနှင့် ဟန်သစ်အား မြင်လိုက်လေလျှင် ငွေနှင်း ပြုံးလိုက်မိလေသည်။ ဟန်သစ်ကဲ့သို့ ပေါင်းသင်းဆက်ဆံကောင်းသူအား မိမိ၏ သူငယ်ချင်းများက ခင်မင်ကြောင်း သိသော်လည်း ယခုလို အခြေအနေမျိုးတွင် မိမိအတိုင်းပင် ဟန်သစ်အား သဘောထားစေချင်မိသည်။ ဤကဲ့သို့သော အတ္တသည် မလွန်ပါချေ။ ဟန်သစ်မှာ မိမိ၏ ချစ်ရသူ မဟုတ်ပါလား။

ခေတ္တကြာသော် ဝေနှင့် ဟန်သစ်သည် အလယ်တံခါးမှတစ်ဆင့် အင်္ဂလိပ်စာဌာနခန််းအတွင်းသို့ ကူးလာကြလေသည်။ ဟန််သစ်သည် ပြုံးစိစိဖြစ်နေသော်လည်း ဝေကတော့ ဆူပုတ်နေသဖြင့် ဆွေနှင့် ငွေနှင်းသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြကာ

"ဘာဖြစ်လာကြတာလဲ အစ်မတို့။"

ဆွေက မေးလိုက်သော်ငြား ဝေက ဘာမှ ပြန်မဖြေသဖြင့်

"နွယ်... ဘာဖြစ်လို့လဲဟင်။"

"စက်ဘီးမှောက်လာတာ။"

ဟန်သစ်၏ စကားကြောင့် ငွေနှင်းသည် နေရာမှ ပျာပျာသလဲ ထကာ ဟန်သစ်ဆီသို့ ပြေးသွားပြီး ဟန်သစ်၏ လက်မောင်းကို ကိုင်လိုက်ကာ ခန္ဓာကိုယ်ကို ဟိုဘက်သည်ဘက် လှည့်ကာ ကြည့်လိုက်ပြီးနောက်

"နွယ်ရယ်... ဖြည်းဖြည်း မနင်းဘူး။ ဘယ်နားနာသွားသေးလဲ။"

By Loving (own creation)Where stories live. Discover now