"သစ်သစ်...နေ့လယ်အတန်း ဘယ်မှာလဲ။"
"ကုမုဒြာမှာ။"
"ဒါဆို တီချယ့်ကို လိုက်ပို့ပြီးရင် တစ်ယောက်တည်း ပြန်သွားရမှာပေါ့။"
"အရင်လည်း ဒီလိုပဲဟာ။"
"အရင်နဲ့ မတူတော့ဘူးလေ။ သူ့ချစ်ချစ်ကို ပင်ပန်းအောင် လုပ်လို့ဆိုပြီး ညီမဖြစ်သူဆီက အဆူမခံချင်ပေါင်။"
"သစ်သစ်မှာ စက်ဘီးပါတယ်၊ စက်ဘီးနဲ့ လိုက်ပို့ပေးရမလား။"
"တီချယ့်ကို နိုင်မှာလား။"
"နိုင်လောက်ပါတယ်၊ ခိုင့်ကိုတောင် တင်ပြီး စီးနေတာပဲဟာ။"
"ငွေနှင်းက လူကောင် သေးသေးလေးလေ။ မဖြစ်ပါဘူး၊ တီချယ် နင်းမယ်လေ။"
"စက်ဘီး နင်းတက်လို့လား။"
"မနင်းတာ ကြာပေမယ့် နင်းတတ်ပါတယ်အေ။"
စက်ဘီးထားရာ နေရာသို့ ရောက်လျှင် ဟန်သစ်က စာအုပ်များအား စက်ဘီးခြင်းအတွင်းထည့်ကာ စက်ဘီးကို ပေါ်တီကိုအောက်သို့ ထုတ်ပေးလိုက်လေ၏။
"သစ်သစ် အနောက်က ခုန်တက်ရမလား၊ တစ်ခါတည်း တက်လိုက်ရမလား။"
"ခုန်တက်လိုက်၊ တစ်ခါတည်းဆို ပိုလေးတယ်။"
"ဟုတ်ကဲ့..."
ဝေ ခိုင်းလို့သာ ပေးစီးရမည်။ ဟန်သစ် ဝေ့ကို သိပ်မယုံပါ။ ဟန်သစ်၏ စက်ဘီးမှာ ပုံမှန်ထက် မြင့်သည်လေ။
ဝေက စက်ဘီးပေါ်သို့ ခွတက်လိုက်ကာ နင်းသွားသော်လည်း ဟန်သစ်သည် မတက်ရဲသဖြင့် ထိုင်ခုံအား ကိုင်ကာ အနောက်မှ တွန်းပေးလိုက်လေ၏။
"သစ်သစ် တက်တော့...။"
စက်ဘီးဂိုက်မှာ လိုသည်ထက်ပို၍ ယမ်းနေသဖြင့် ဟန်သစ်သည် မတက်ဘဲ စက်ဘီးကိုသာ အသာလွှတ်ပေးလိုက်လေသည်။ ဝေသည် စက်ဘီးဂိုက်ကို လမ်း၏ အကွေ့အတိုင်း လိုက်၍ မကွေ့နိုင်သဖြင့် စက်ဘီးသည် အရှေ့တည့်တည့်ရှိ ပလက်ဖောင်းဘောင်သို့ တိုက်ကာ လဲသွားသော်လည်း ဟန်သစ်က အချိန်မီ ထိန်းလိုက်လေသောကြောင့် ဝေ့မှာ စက်ဘီးပေါ်မှ ခုန်ဆင်းလိုက်လေသည်။
ဝေကာ စက်ဘီးဂိုက်ကို ကိုင်ထားကာ
YOU ARE READING
By Loving (own creation)
Romance(Zawgyi) မိမိ၏ငယ်ချစ်ဦးနှင့် ပြန်ဆုံပြီးနောက်၊ ပြန်လည်၍ ချစ်ကြိုးသွယ်မိရာမှ မထင်မှတ်သော အရှုပ်အထွေးများနှင့် ကြုံတွေ့လာရသော အမျိုးသမီးတစ်ဦးအကြောင်း။ ဤဇာတ်လမ်းတွင် ပါဝင်သော အချိန်ကာလ၊ နေရာဒေသ၊ အဖြစ်အပျက်၊ ဇာတ်ကောင်များ အားလုံးတို့သည် စာရေးသူ၏ စိတ်ကူးသ...
Part - 8 (Unicode)
Start from the beginning
