Part - 8 (Unicode)

Start from the beginning
                                        

"မဝေကတော့လေ မဟုတ်တာ...။"

"ဘာလို့ မဟုတ်ရမှာလဲ ခိုင်ရဲ့။ နွယ်ကတော့ ခိုင့်ဘေးမှာပဲ ကော်နဲ့ကပ်ထားသလို နေချင်တာကို။"

"ကဲနေပါလားဟေ့။ လဲပေးပါမယ်၊ လဲပေးပါမယ်။"

ဆွေက ပြောပြောဆိုဆိုပြီး ထလာကာ

"ဟဲ့ ငွေနှင်း ရှင့်ချစ်ချစ်ဆီသွား။"

ငွေနှင်းမှာ ရှက်နေသော်လည်း မိမိ ကိုယ်တိုင်မှာ ဧကန်ပင် ဟန်သစ့်အနားသာ နေနေချင်သောကြောင့် အိတ်ကို ယူကာ ထလာပြီး ဟန်သစ်၏ နံဘေး၌ ထိုင်လိုက်လေသည်။
ဝေနှင့် ဆွေကတော့ ပြုံးကာ ဟန်သစ်တို့ နှစ်ယောက်အား ကြည့်နေလေ၏။

"သစ်သစ်... တို့ညီမလေးကို စောင့်ရှောက်ပေးရမယ်နော်။"

"စိတ်ချပါ တီချယ်။ သစ်သစ်က ခိုင့်ကို ဘဝနဲ့ ရင်းပြီးကို ချစ်ရတာပါ။ ခိုင်ကသာ ထားမသွားရင် သစ်သစ် ဘယ်နည်းနဲ့မှ ခိုင်နဲ့ အဝေးခံမှာ မဟုတ်ဘူး။ ရအောင် ဆွဲထားမှာ။"

"ခိုင်က ဘယ်တော့မှ ထားသွားမှာ မဟုတ်လို့ မစိုးရိမ်နဲ့နော် နွယ်...။"

ထို အချစ်ငှက်လေးများအား ကြည့်ရင်း ဝေနှင့် ဆွေက ပြုံးစိစိ။
...................
အတန်းဆင်းသည်နှင့် ဟန်သစ်က ပြုံးရွှင်စွာဖြင့် ဝေ့ထံသို့ လျှောက်လှမ်းသွားလေသည်။

"သစ််သစ် လိုက်ပို့ပေးမယ် တီချယ်။"

ဝေက 'ဟိ'ခနဲ အသံထွက်အောင် ရယ်လိုက်ကာ

"ငါ့ကို စေတနာရှိလို့တော့ မဟုတ်ဘူးမလား။"

"အရင်ကလည်း အမြဲ တီချယ့်ကို လိုက်ပို့ပေးနေကျပဲဟာကို၊ ဘာမှ ထူးခြားသွားတာ မရှိပါဘူး။"

"အေးပေါ့လေ၊ အရင်ကတည်းကလည်း တစ်ယောက်သောသူကို တွေ့ချင်လို့ လိုက်ပို့တာပဲဟာ။"

"မဟုတ်တာ..."

ဟန်သစ်နှင့် ငွေနှင်းက ရယ်ကာ Theater အတွင်းမှ ထွက်လာခဲ့၏။

By Loving (own creation)Where stories live. Discover now