Part - 8 (Unicode)

Start from the beginning
                                        

"ငါးရက်ပဲ ရှိသေးတာပါ တီချယ်တို့ရယ်၊ ဆက်ပြီးချစ်ဖို့ ရက်စွဲတွေက ဘဝတစ်ခုလုံးစာ ကျန်ပါသေးတယ်။"

"ဟယ်... ငါ ဘာကြားလိုက်ရတာလဲ။"

ရုတ်တရက် ဝင်ပြောလာသော ဟန်သစ်၏ စကားကြောင့် ဝေ့မှာ ထိတ်ထိတ်ပျာပျာဖြစ်သွားသော်လည်း ဆွေကတော့ သူမ၏ ထုံးစံအတိုင်း ပြုံးကာ

"သစ်သစ်က မထင်ရဘူး၊ ချွဲတတ်သားပဲ။ ဒါကြောင့်လည်း ငါတို့ငွေနှင်း ပါသွားရတာပေါ့။"

"မဟုတ်ပါဘူး တီချယ်ရယ်၊ သစ်သစ်က ချစ်တတ်တာပါ။ ခိုင့်ကို မြတ်နိုးမိသွားလို့လည်း သစ်သစ်မှာ အရည်ပျော်ကျလာရတာပါ။"

"အီး... ခိုင်တဲ့... သစ်သစ်ကို သိလာတာ ၇လလောက်ရှိနေပြီ။ ဒီလို ပျားရည်ဆမ်းတဲ့အသံနဲ့ စကားပြောတတ်မှန်း အခုမှ သိတော့တယ်။"

"ဟုတ်ပ၊ မြန်မာလို ပြောရင်မှ သူ့အသံက ချိုသေးတယ်၊ အတန်းထဲမှာ အင်္ဂလိပ်လို ပြောရင် Deep Voice နဲ့။ အခုကျ..."

"အစ်မတို့ကလည်း မစပါနဲ့တော့။ ဟိုမှာ နွယ်က ရှက်နေပြီ။"

"ဟယ်... ဒီတစ်ယောက်ကလည်း နွယ်တဲ့။ အူယားလိုက်တာ...။"

ငွေနှင်းမှာ သတ္တိမွေးပြီး အရဲစွန့် မိတ်ဆက်ပေးခဲ့သော်လည်း မိမိ၏ အထင်နှင့် ပြောင်းပြန်ပင် ဝေနှင့်ဆွေမှာ အပျော်ကြီး ပျော်ကာ စနောက်နေလျက် ရှိလေသည်။

"ဒါနဲ့ ဘယ်လို ငြိသွားကြတာလဲ။"

"သစ်သစ်က အရင် စချစ်ခဲ့တာပါ။ ဒါ့ကြောင့်လည်း ခိုင့်ကို ချစ်ရေးဆိုခဲ့တာ။ ခိုင်က လူလည်သိလား။ ချစ်သူဖြစ်ပြီး လေးရက်ကြာမှ သစ်သစ်ကို ချစ်တယ်လို့ ပြောတော့တယ်။"

"နွယ်...ဘာတွေ လျှောက်ပြောပြနေတာလဲ။"

ဝေက သူမတို့နှစ်ဦးကို တစ်လှည့်စီ ကြည့်လိုက်ကာ

"ဆွေရေ ငွေနှင်းနဲ့ နေရာလဲပြီး မဝေအနား လာထိုင်လှည့်ပါ။ ဒီနှစ်ယောက်က အတူထိုင်ချင်နေကြမယ် ထင်ပါရဲ့။

By Loving (own creation)Where stories live. Discover now