Part - 8 (Unicode)

Start from the beginning
                                        

ကျောင်းပိတ်ရက် အေးဆေး တွေ့ချင််သည်ဟု ပြောကာ ချိန်းဆိုသော ငွေနှင်းကြောင့် ဆွေနှင့်ဝေသည် ရွှေပုစွန်မုန့်တိုက်အတွင်း၌ ထိုင်ကာ စကားပြောနေကြလေသည်။

"ငွေနှင်း ထူးထူးခြားခြား နောက်ကျနေပါလား။"

"ဟုတ်ပါရဲ့၊ မယ်တိကျကြီးက ဒီနေ့မှ ဘယ်လိုဖြစ်လို့ပါလိမ့်။"

ဆွေနှင့်ဝေက ရောက်တတ်ရာရာ ပြောနေစဉ်တွင် ငွေနှင်းသည် ဟန်သစ်၏ လက်ကိုတွဲကာ ဆိုင်အတွင်းသို့ ဝင်လာလေ၏။ ဆွေသည် ဝင်ပေါက်ကို ကျောပေးထားသဖြင့် မမြင်သော်လည်း ထိုအချင်းအရာကို မြင်လိုက်သည့် ဝေမှာ ပါးစပ်အဟောင်းသားဖြင့်ပင်။

"Sorry အစ်မတို့ရယ်။ မလွှကုန်းမှာ ရထားက ကြာနေလို့။"

ပြောရင်းပင် ဆွေ့နံဘေး၌ ဝင်ထိုင်လိုက်လေကာ

"နွယ်က မဝေဘေးနား ထိုင်လိုက်နော်။"

"ဟုတ်..."

ဆွေနှင့် ဝေသည် ဟန်သစ်အား ငေးကြောင် ကြည့်နေကြလေသည်။

"နေ... နေကြစမ်းပါဦး။ ဘယ်...ဘယ်လို၊ နွယ် ဟုတ်လား။"

ဝေ့၏ မေးခွန်းကြောင့် ငွေနှင်းနှင့် ဟန်သစ်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြပါသည်။

"ဟိုနေ့က အစ်မတို့ကို ငွေနှင်း ပြောတယ်လေ။ ငွေနှင်းရဲ့ စိတ်ကို ငွေနှင်း သိလိုက်ရပြီဆိုတာ။"

"အင်း..."

ဆွေက စကားထောက်ပေးလိုက်လေလျှင် ငွေနှင်းက

"တကယ်တော့ သစ်သစ် ဆေးရုံတက်တာကို လိုက်သွားတဲ့နေ့ကတည်းက ငွေနှင်းတို့ ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ တမင် ဖုံးကွယ်ထားတာ မဟုတ်ပေမယ့် ပြောပြရမှာ ရှက်နေလို့။"

ငွေနှင်း၏ စကားကို ဆွေနှင့်ဝေက သေချာစွာ နားထောင်နေကြလေ၏။

"ဆေးရုံလိုက်သွားတာ အင်္ဂါနေ့ကဆိုတော့၊ ဒီနေ့ တနင်္ဂနွေ ငါးရက်တောင် ရှိပြီပေါ့။"

By Loving (own creation)Where stories live. Discover now