Part - 8 (Unicode)

Start from the beginning
                                        

"သူကဖြင့်် ခိုင့်အခန်းထဲတောင် ရောက်နေပြီီကို၊ ပြောရဦးမှာလား အချစ်ကလေးရဲ့။"

"ဒါပေမယ့်လည်း..."

ဟန်သစ်၏ စကားမဆုံးခင်မှာပင် ငွေနှင်းက ဟန်သစ်၏ ပါးကို ရွှတ်ခနဲ နမ်းလိုက်လေကာ

"ချစ်တာပေါ့ သစ််သစ်ရဲဲ့။ မချစ်ဘဲနဲ့ ခိုင်က အဲ့နေ့ကလို အရူးတစ်ပိုင်း အပြေးလာခဲ့ပါ့မလား။ ဟွန့်..."

စကားအဆုံး မျက်စောင်းလှလှလေး ပစ်ပေးသွားသော ငွေနှင်းအား ဟန်သစ်က မိမိ၏ ရင်ခွင်အတွင်း ဆွဲသွင်းကာ နဖူးလေးအား မြတ်မြတ်နိုးနိုး အနမ်းတစ်ပွင့်ခြွေခဲ့လေသည်။ ငွေနှင်းက ပြုံးရင်းပင်

"ခိုင်ကလေ... သစ်သစ် မခြွေခင်ကတည်းက ကြွေချင်နေခဲ့ရတာပါ။ ထားသွားဖို့တော့ စိတ်မကူးရဘူးနော်။"

"ဟင့်အင်း... ခိုင်က သစ်သစ်အတွက် အချစ်ဦးဖြစ်ရသလို နောက်ဆုံးအချစ်လည်း ဖြစ်နေမှာပါ။"

"ပြောတော့လည်း ယုံရမှာပေါ့။"

"ယုံပါ ခိုင်ရယ်။ ဒါနဲ့လေ သစ်သစ်ကို တခြား ချစ်စနိုးနဲ့ ခေါ်ချင်တာမျိုး မရှိဘူးလား။ သစ်သစ်ကပဲ တခိုင်ခိုင်နဲ့ ပိုင်စိုးပိုင်နင်း ဖြစ်နေသလားလို့။"

"ပိုင်စိုးပိုင်နင်းကတော့ ဆေးရုံတက်နေရင်း ရည်းစားစကားပြောပြီး ချက်ချင်း လက်ရဲဇက်ရဲ ဆွဲဖက်တာပဲ ကြည့်ပါလား။"

"ဒါကတော့ ချစ်လို့ပါ ခိုင်ကလည်း။ ခိုင်နဲ့ တွေ့မှ တစ်ခါမှ ယင်ဖိုတောင် မသမ်းဖူးတဲ့ သစ်သစ်က အရည်ပျော်သွားခဲ့ရတာပါနော်။"

"အင်း... ခိုင်ကတော့လေ သစ်သစ်ကို နွယ်လို့ပဲ ခေါ်ချင်တယ်။ ခိုင့်ရဲ့ နှလုံးသားကို ရစ်ပတ်နှောင်ဖွဲ့ထားတဲ့ နွယ်လေးပေါ့။"

"သဘောပါရှင်။"

ငွေနှင်းသည် ဟန်သစ်၏ ရင်ခွင်အတွင်း ပုန်းအောင်းရင်းပင်

"ချစ်တယ် နွယ်..."

......................

By Loving (own creation)Where stories live. Discover now