Part - 8 (Unicode)

Start from the beginning
                                        

" မနက်အစောကြီး မဟုတ်ဘဲ အချိန်တိုင်းကို လွမ်းနေရတာပါ ခိုင်ရယ်။"

"အပိုတွေ..."

ငွေနှင်း၏ အခန်းတွင်းတွင် စာကြည့်စားပွဲနှင့်် ထိုင်ခုံတစ်လုံးသာ ရှိလေရာ ငွေနှင်းသည် ကုတင်ထက်၌ ထိုင်လိုက်လေလျှင် ဟန်သစ်သည်လည်း ငွေနှင်းနံဘေးကပ်လျက် ထိုင်လိုက်လေသည်။ ထို့နောက် ငွေနှင်းကုတင်ပေါ်ရှိ ဆရာကြီးသော်တာဆွေ၏ အေးဆွေ၊ ပေါ်အူး ဝတ္ထုတို​ပေါင်းချုပ် စာအုပ်ကို ကြည့်လိုက်ကာ

"ဪ... ဝတ္ထုဖတ်နေတာလား။"

"ဟုတ်တယ်၊ တခြားလည််း လုပ်စရာမရှိတာနဲ့။"

"ဒါဆိုလည်း သစ်သစ်နဲ့ တစ်ခုခု လုပ်ကြမယ်လေ"

"ဟင်..."

"အာ... မနက်ဖြန် အပြင်သွားမယ်ဆို၊ ဒီနေ့တော့အဆောင်ထဲပဲ အချိန်ဖြုန်းကြရင် ကောင်းမလားလို့။ အဲ့ဒါ ဂိတ်ဟောင်းစျေးမှာ မနက်စာ သွားစားပြီး နေ့လယ်ကျ မုန့်လုပ်စားဖို့ တစ်ခုခု သွားဝယ်ကြမလားလို့လေ။ အဲ့ဒါကြောင့် သစ်သစ် အစောကြီး ထပြီး ထွက်လာတာ။"

ငွေနှင်းက နာရီကြည့်လိုက်လေရာ ၇နာရီ ၂၀။

"တော်သေးတာပေါ့၊ အဆောင်တံခါးဖွင့်ဖွင့်ချင်း မနက်၆နာရီကြီး ထမလာလို့။"

"တကယ်တော့ ထလာချင်တာလေ၊ ခိုင် မနိုးသေးမှာစိုးတာနဲ့ ခုမှ လာလိုက်တာ။"

"အပြင်သွားမယ်ဆိုလည််း ခိုင် ရေမိုးချိုးပြီး ၈နာရီလောက်မှ သွားကြမယ်လေ သစ်သစ်ရယ်။ ခုက ထဖို့တောင် ပျင်းနေသေးတာ။"

ငွေနှင်းက ပြောရင်း ဟန်သစ်၏ လက်အား ခပ်ဖွဖွ ဆုပ်ကိုင်လိုက်လေ၏။

"ခိုင်..."

"ရှင်..."

"ချစ်တယ််..."

ငွေနှင်းက ရှက်ပြုံးပြုံးကာ ဟန်သစ်အား ကြည့်လိုက်လေ၏။

"ပြုံးပဲ ပြုံးမနေနဲ့လေ။ သစ်သစ်ကိုရော ချစ်ရဲ့လားဟင်။ သမီးရည်းစားတွေပဲ ဖြစ်နေကြပြီကို ခုထိ ခိုင့်ဆီက ချစ််တယ်ဆိုတာ မကြားရသေးဘူး။"

By Loving (own creation)Where stories live. Discover now