Part - 8 (Unicode)

Start from the beginning
                                        

"ပွင့်ပွင့်လင်းလင်း ပြောရရင် ငွေနှင်းရဲ့ စိတ်ကို တို့တွေ မြင်နေရတယ်။ ငွေနှင်း တစ်ယောက်တည်း ကြိတ်ခံစားနေရမှာ မမြင်ရက်တာမို့ တစ်ခုခုဆို တိုင်ပင်နော်။"

ငွေနှင်းက ပြုံးလိုက်ကာ

"အစ်မတို့ စေတနာကို နားလည်ပါတယ်။ ငွေနှင်း ကိုယ့်စိတ်ကိုယ်လည်း သိလိုက်ရပါပြီ။ ငွေနှင်းကို စိတ်မပူပါနဲ့နော်။"

"ဒါဆို ငွေနှင်းရဲ့ စိတ်က ဘာတဲ့လဲ။"

ဆွေ့အမေးကို ငွေနှင်းက အပြုံးနှင့်သာ တုံ့ပြန်လေ၏။

"စိတ်မပူနဲ့လို့ ပြောထားတယ်လေ ဆွေရယ်။ သူ အချိန်တန်ရင် ပြောပါလိမ့်မယ်။ ဒါပေမယ့် ငွေနှင်း တစ်ခုခုဆို ဒီအစ်မနှစ်ယောက်ကတော့ ညီမလေးကို ဝေဖန်မယ့်လူတွေ မဟုတ်ဘူးဆိုတာ သိထားပေး။"

"ဟုတ်ကဲ့ပါ၊ အခုလို မဝေက ရုတ်တရက် စကားကို တည်တည်တံ့တံ့ကြီး ပြောနေတော့ ငွေနှင်း မနေတတ်တော့ဘူး။"

"ဟယ်... ဒီကောင်မလေး ငါ့ကို လူရွှင်တော်များ မှတ်နေလား။"

ပြောရင်း ငွေနှင်း၏ လက်မောင်းကို ခပ်ဆတ်ဆတ် ရိုက်လိုက်သော ဝေ့ကြောင့် သုံးယောက်သား ရယ်လိုက်မိကြပါသည်။ မကြာခင်တော့ သစ်သစ်လေးအား ငွေနှင်း၏ တရားဝင်ချစ်သူအဖြစ် ဤသူငယ်ချင်းနှစ်ယောက်အား မိတ်ဆက်ပေးရန် ငွေနှင်း တွေးမိပါသည်။
.............................

"ဒေါက် ဒေါက် ဒေါက်..."
စနေနေ့ နံနက်ခင်းစောစော ကြားလိုက်ရသော တံခါးခေါက်သံကြောင့် ငွေနှင်း ကုတင်ပေါ်၌ လှဲလျောင်းရင်း စာဖတ်နေရာမှ ထကာ တံခါးဖွင့်လိုက်ပါသည်။

"ဟင် ... သစ်သစ်"

"Good Morning..."

"မနက်အစောကြီး တို့ကို လွမ်းလို့လား။"

ငွေနှင်းက ပြောရင်း အခန်းတွင်း ပြန်လှည့်ဝင်သွားလေရာ ဟန်သစ်က အခန်းဝ၌ ဖိနပ်ချွတ်ခဲ့ကာ လိုက်ဝင်သွားပြီး တံခါးပိတ်လိုက်လေ၏။

By Loving (own creation)Where stories live. Discover now