Part - 7 (Unicode)

Start from the beginning
                                        

လွန်ခဲ့သော (၁၆နှစ်ခန့်)

အတန်းဆင်းသည်နှင့်တပြိုင်နက် ငွေနှင်းသည် ဟန်သစ်အား လှမ်းကြည့်လိုက်လေရာ ဟန်သစ်က သူငယ်ချင်းများနှင့် ရယ်မောကာ စကားပြောနေလေသည်။ ငွေနှင်းက ဟန်သစ်ထံသို့ လျှောက်လှမ်းသွားကာ ဟန်သစ်၏ အရှေ့၌ မိမိ၏ စာအုပ်များကို တင်လိုက်ရင်း

"လိုက်ပို့မှာမလား၊ သွားမယ်လေ။"
"ဝိုး..."

ရုတ်တရက် ပြောလာသော ငွေနှင်းကြောင့် ဟန်သစ်နံဘေးရှိ သူငယ်ချင်းတစ်စုမှာ အာမေဋိတ်သံများ ထွက်လာလေ၏။ ငွေနှင်းသည် ဘာမှ မဖြစ်သလို ခပ်ပြုံးပြုံးပင် ထွက်သွားလေရာ ဟန်သစ်မှာတော့ ခေါင်းငုံ့လျက် လူမမြင်အောင် ခိုးပြုံးလိုက်ကာ ငွေနှင်း၏ စာအုပ်များကို ယူကာ အနောက်မှ လိုက်သွားလေ၏။ သူငယ်ချင်းများကလည်း အတန်းထဲ အော်နေရင်း ကျန်ခဲ့လေသည်။

နှစ်ယောက်လုံး မည်သူမျှ စကားမစကြဘဲ အပြုံးကိုယ်စီဖြင့်သာ Theaterအတွင်းမှ ထွက်လာခဲ့ကြလေသည်။ ဟန်သစ်က ထုံးစံအတိုင်း ထီးဖွင့်လိုက်လေရာ ငွေနှင်းက ဟန်သစ်လက်ထဲမှ ထီးကို ယူလိုက်ကာ အတူထီးဆောင်းရင် ပေါ်တီကို အောက်မှ ထွက်လာလေသည်။ ကံ့ကော်ဆောင်မှ အဝိုင်းဘက်သို့အထွက်တွင် ကံ့ကော်ဆောင်အတွင်း ဝင်မည့် ဆိုင်ကယ်ကို စီးလာသော ပန်းချီဌာနမှကျောင်းသားနှစ်ယောက်က ငွေနှင်းအား လှမ်းနှုတ်ဆက်လေသည်။

"မင်္ဂလာပါ တီချယ်။"
"အေးအေး... မင်္ဂလာပါကွယ်။ ဖြည်းဖြည်းလည်း မောင်းဦး။"
"ဟုတ်၊ လိုက်ပို့ပေးရမလား တီချယ်။"

ထိုကျောင်းသားက ဝတ်ကျေတမ်းကျေ မေးလိုက်ခြင်းမှန်း ငွေနှင်းရော၊ ဟန်သစ်ပါ သိပါသည်။ သို့သော် ဟန်သစ်က အလိုမကျစွာ မသိမသာ မျက်နှာလွှဲလိုက်လေသည်ကို မြင်လျှင် ငွေနှင်းက ပြုံးလိုက်ကာ

"မင်းတို့ဖာသာတောင် ဆိုင်ကယ်က ပြည့်နေတာကို တီချယ်က ဘယ်လိုလိုက်ရမှာလဲ။"

ငွေနှင်း၏ စကားကြောင့် ဆိုင်ကယ်မောင်းသူကျောင်းသားက အနာက်မှတစ်ယောက်ကို လှည့်ကြည့်လိုက်ကာ

By Loving (own creation)Where stories live. Discover now