Part - 7 (Unicode)

Start from the beginning
                                        

ငွေနှင်းက ထိုင်ခုံတွင် ထိုင်နေသော ဟန်သစ်၏ ပုခုံးကို အနောက်မှ သိုင်းဖက်လိုက်ကာ

"နွယ့်အပေါ် ဒီကြားထဲ ပျက်ကွက်ခဲ့တာတွေအတွက် အတိုးချပြီး ဂရုစိုက်ပေးချင်လို့လေ။"

ဟန်သစ်က မိမိအား သိုင်းဖက်ထားသော ငွေနှင်း၏ လက်ကို ဆုပ်ကိုင်ရင်း ခပ်ဖွဖွနမ်းလိုက်ကာ

"ပျက်ကွက်ခဲ့တာ နွယ်လည်း အတူတူပဲမို့ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်နဲ့နော်။ နွယ့်အတွက်ကတော့လေ နွယ့်အနားမှာ ခိုင်ရှိနေရင်ပဲ ရပြီ၊ ပြည့်စုံပြီ။"
"UK မှာ စကားလုံးလှလှလေးတွေနဲ့ ချုပ်နည်း သွားသင်လာခဲ့တာလား။"
"မွေးကတည်းက တတ်လာတာပါနော်။"

ဟန်သစ်က ပြောရင်း ငွေနှင်း၏ လက်ကို ဆွဲဖြုတ်ကာ မိမိ၏ ပေါင်ပေါ်၌ ထိုင်စေလိုက်လေသည်။ ငွေနှင်းက ဟန်သစ်၏ ပေါင်ပေါ်တွင် တစောင်းထိုင်လိုက်ကာ ဟန်သစ်၏ လည်ပင်းကို သိုင်းဖက်ထားလေသည်။ ဟန်သစ်သည်လည်း ငွေနှင်း၏ ခါးအား ကျစ်နေအောင် ဖက်ထားကာ ရင်ခွင်အတွင်း၌ ပုန်းခိုနေလေ၏။ အလွန်ပင်ပန်းနေသည့်အချိန်အခါများတွင် ချစ်ရသူ၏ ရင်ခွင်ကသာ ခိုလှုံနှစ်သိမ့်ရာ ဖြစ်လေသည် မဟုတ်ပါလား။

"ဒီ semester အပြီး သင်္ကြန်မတိုင်ခင် နွယ် အိမ်ပြန်ဖြစ်မှာ။ ခိုင်လိုက်ခဲ့ပါလားဟင်။ နွယ်လေ ခိုင့်ကို နွယ့်မိဘတွေနဲ့ မိတ်ဆက်ပေးချင်တယ်။"

ငွေနှင်းကတော့ လက်တစ်ဖက်က ဟန်သစ်၏ ဆံပင်များကို ဖွရင်း၊ နောက်လက်တစ်ဖက်က ဟန်သစ်၏ ကျောပြင်ကို ခပ်ဖွဖွက ပုတ်ကာ ချော့မြူရင်း ခပ်ဆိတ်ဆိတ်ပင် နေနေလေသည်။

"ခိုင်... တစ်ခုခုပြောဦးလေ။ ခိုင် ဘယ်လိုသဘောရလဲ။ ခိုင်သာ သဘောမတူရင် နွယ် မခေါ်သွားပါဘူး။"

ဟန်သစ်က ပြောရင်း ငွေနှင်း၏ မျက်နှာကို မော့ကြည့်လိုက်လေရာ

"ခိုင်က နွယ့်မိဘတွေ သဘောကျအောင် ဘယ်လိုနေရမလဲ တွေးနေလို့ပါ။"
"နွယ်ကိုယ်တိုင်ရွေးထားတဲ့လူပဲ။ မေမေတို့ သဘောကျမှာပါ။"

ဟန်သစ်၏ စကားကို ငွေနှင်းက ပြုံးရင်း ခေါင်းညိတ်လိုက်လေ၏။
...................
Flash Back

By Loving (own creation)Where stories live. Discover now