THE END

2.2K 102 43
                                    

ယနေ့ရှိ အိမ်တွင်းအခြေအနေသည် အလွန်ပင်အေးစက်နေသော ရာသီ၍တုကဲ့သို့ပင်။

ဆိုဖာပေါ်တွင် ခြေချိတ်ကာထိုင်နေသော ဇွဲ၏အရှေ့တွင်
အာကာသည် ဒူးကိုတုတ်လျက်နှင့်ရိုကျိုးစွာ ကြမ်းပြင်ပေါ်တွင်ထိုင်နေ၏။

အာကာသည် ဇွဲကိုစေ့စေ့ပင်မကြည့်ရဲသကဲ့သို့ဖြစ်နေ၍ ခေါင်းကိုလည်းအောက်သို့ငုံ့ထားသည်။မသိလျှင်အပြစ်လုပ်ထားသည့်ခွေးပေါက်ကလေးတစ်ကောင်လိုပင်။

"ဒီကိစ္စကိုရှင်း"

အာကာ၏အရှေ့သို့ ဓာတ်ပုံအချို့ကို ဇွဲက ဖက်ကနဲပစ်ချလာသည်။
အာကာ ထိုဓာတ်ပုံများကိုကြည့်လိုက်တော့ ယခုလက်ရှိ ရိုက်ကူးနေသောဇာတ်လမ်းတွဲထဲမှ မင်းသမီးနှင့်သူ၏ မဟုတ်မမှန်ထွက်ထားသော ကောလဟာလများထဲမှ ဓာတ်ပုံများ။

ထိုဓာတ်ပုံများထဲတွင် ထိုမင်းသမီးက အာကာ့၏နဖူးထက်ရှိချွေးများကို သူမ၏လက်ကိုင်ပုဝါနှင့် သုတ်ပေးနေ၍
ကျန်အပုံတွင် သူနှင့်ရင်းရင်းနှီးနှီးစကားများပြောနေသည့်ပုံများ အပါအဝင်
ထိုမင်းသမီးက အာကာ့ကိုလိုက်ကပ်တွယ်နေသောပုံများကလည်းပါဝင်လို့နေသည်။

ယခုတလောတွင် သူမနှင့်အာကာ၏ dating newများကမဟုတ်မမှန်စွာ ထွက်ပေါ်နေ၍ ပါပါရာဇီများကလည်း ဓာတ်ပုံအချို့ကိုရိုက်ကူးကာ မဟုတ်တာကိုအဟုတ်လုပ်၍ ကောလဟာလများက ပိုမို၍ပွားများလာရသည်။

"ဇွဲ အဲ့ကိစ္စကိုအထင်လွဲနေတာပါ၊သူ(မ)နဲ့ကျွန်တော့်ရဲ့ကြားမှာ တကယ်ဘာမှမရှိပါဘူး၊သာမန်လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပါပဲ..."

"ငါနားထောင်နေတယ် ဆက်ပြော"

"အခုတလော သူက ကျွန်တော့်ကိုလိုက်ကပ်နေတာ.....ကျွန်တော် ရှောင်ဖို့ကြိုးစားပါတယ်၊ဒါပေမဲ့ဇာတ်လမ်းတွဲကအတူတူရိုက်နေတာဆိုတော့ အရမ်းကြီးလွန်လွန်ကြူးကြူးတုံ့ပြန်လိုက်ရင် ဇွဲရဲ့အိမ်ကလူက ရိုင်းစိုင်းတယ်ဆိုပြီးအပြောခံရမှာစိုးလို့"

ဇွဲနှင့်သူ၏ ဆက်ဆံရေးကို သူတို့လောက'က မသိကြသလို သူကလည်းမထုတ်ဖော်ထားခဲ့ကြပေ။သူကတော့ထုတ်ဖော်ချင်တာပေါ့ ဖြစ်နိုင်ရင်တကမ္ဘာလုံးကို ဇွဲကသူ၏အပိုင်ဖြစ်ကြောင်းပြသချင်တာပင်။
သို့သော်ငှား ဇွဲကအာကာ၏အလုပ်ကြောင့် မထုတ်ဖော်ချင်ဘူးဟူ၍ အာကာ၏မထုတ်ဖော်ခိုင်းသောကြောင့်ဖြစ်သည်။

My CCP Boyfriend Is A Big Red Flag(Complete)Tempat cerita menjadi hidup. Temukan sekarang