Part-6

1.2K 85 32
                                    

ဘုန်းကနဲဟူသော အသံနှင့်အတူ
ရုံးခန်းတံခါးအား အကြမ်းပတမ်းဖွင့်၍ဝင်လာသူကား
အခြားသူများမဟုတ်၊
သူ၏ချစ်လှစွာသော သူငယ်ချင်းများဖြစ်သည့် ရတီထားမေ နှင့် အောင်ပြည့်မှူးဇော်။

"ငါ့အချစ်ကလေး အရမ်းအလုပ်များနေလား"

ထုံးစံအတိုင်း အောင်ပြည့်မှူးဇော်က ချွဲပျစ်နေသော လေသံအားလုပ်ယူကာ
အမြင်ကတ်စရာကောင်းစွာမေးမြန်းလာလေသည်။

ရတီထားမေကတော့ သူ့အကိုအား
အော်ဂလီဆန်စွာကြည့်ရင်း
ခပ်တိုးတိုးဖြင့် စိတ်ပျက်စရာဟု
ရည်ရွတ်လိုက်သည်။

"မြင်တဲ့အတိုင်းပဲ"

အစီရင်ခံစာ အပုံလိုက်ကြီးအား
တရွက်ချင်းဆီကြည့်ရင်း အလုပ်နှင့်ညားသွားနိုင်သည့် သူငယ်ချင်းဖြစ်သူဇွဲဘုန်းထက်နိုင်အား
အောင်ပြည့်မှူးဇော်က ဂရုဏာသက်စွာကြည့်လိုက်သည်။

ထို့နောက် တုံဆိုင်းခြင်းအလျင်းမရှိပြောလိုက်သည်က

"ငှက်ပျောတုံးဖက်သေမဲ့ကောင်"

သူ့စကားကိုကြားတော့ ကိုယ်တော်ချောက ဟက်ကနဲတချက်ရယ်ရင်း သူ့ကိုဂရုမစိုက်ပဲအလုပ်ကိုဆက်လုပ်နေသည်။
အောင်ပြည့်မှူးဇော်အမြင်ကတ်စွာဖြင့်
ဇွဲလုပ်လက်စ စာတမ်းအားဖက်ကနဲကောက်ယူလိုက်ရင်း အဝေးသို့လွင့်ပစ်လိုက်သည်။

"လုပ်မနေနဲ့ သေရင်ကိုယ်နောက်မပါဘူး"

ထိုအချိန်မှာပဲ သူ၏အနောက်သို့အားပြင်းစွာဖြင့် ကျရောက်လာသော လက်ဖဝါးတစ်ခု၊
အုန်းဆိုသောအသံနှင့်အတူ
အောင်ပြည့်မှူးဇော်၏ ခေါင်းကအရှေ့ဘက်သို့ ယိုင်ကျသွားသည်။
သူပိတ်ရိုက်ခံလိုက်ရခြင်း။

အနောက်သို့ဒေါသဖြစ်စွာဖြင့် လှည့်ကြည့်လိုက်တော့ ရိုက်လိုက်သူကထုံးစံအတိုင်း သူ၏ညီမဖြစ်သူ။

"ဘောမို့ လာရိုက်တာလား"

"ထက်နိုင် ဘာသာအလုပ်လုပ်နေတာကို နင်ကသွားရှုပ်နေတာကိုး၊
ထက်နိုင်ကို နင့်လိုကလေကချေကောင်များထင်နေ...."

ရတီထားမေက စကားပင်မဆုံးသေး
တစ်ခုခုကိုသတိရသွားဟန်နှင့်
စကားအသစ်တစ်ခွန်းအားပြန်လည်ပြောကြားလိုက်၏။

My CCP Boyfriend Is A Big Red Flag(Complete)Where stories live. Discover now