Part-27

907 77 32
                                    

မီးရောင်စုံများနှင့်ပြည့်နှက်နေသော လောကကြီးကို ချားရဟက်ပေါ်မှ
ကြည့်နေရသည်မှာ မည်မျှပင်ကောင်းလိုက်သည်လဲ။အခုလိုမြင်ကွင်းမျိုးကို ဇွဲ မမြင်ရသည်မှာအလွန်ပင်ကြာရှည်နေခဲ့ပြီဖြစ်သည်။

သေချာပေါက် သူ့ကုမ္ပဏီ ရုံးခန်းက ချားရဟက်ထက်မြင့်သော်ငှား
မြင်ကွင်းဟာပိုပြီး လှပသော်ငှား
ရရှိသည့်ခံစားချက်ဟာတော့ လုံးဝပင်ကွာခြားလေသည်။

သူ၏မိုးမျှော်တိုက်မှတဆင့် မြို့ပြ၏အလှအပကိုကြည့်ရှုရသည်မှာလှပသော်ငှား အထီးကျန်ဆန်သည်။
ချားရဟက်ကတော့ မတူပေ...
ချားရဟက်၏အမြင့်ဆုံးကို ရောက်သည့်အခါ ရရှိသည့်ပျော်ရွှင်မှု၊
ချားရဟက်၏ အောက်ဆုံးသို့ရောက်လာသောအခါ ခံစားရသည့် နှမျောမှု၊ထိုခံစားမှုများသည် လုံးဝအဖိုးဖြတ်၍မရနိုင်ပေ။

တစ်ခါတစ်လေ ဘဝသည်ချားရဟက်ကဲ့သို့ သူထင်မြင်မိသည်။ချားရဟက်အပေါ်ဆုံးသို့မရောက်ခင် ကောင်းမွန်သောမျှော်လင့်မှုများက စိတ်ထဲတွင်ကြီးစိုးနေ၍ ယင်းသည်
အနာဂတ်ကို မျှော်လင့်နေခြင်း။
အပေါ်ဆုံးသို့ရောက်သည့်အခါ ခံစားရသည့်ပျော်ရွှင်မှုသည် ပစ္စုပ္ပန်ဖြစ်၍
ချားရဟက်၏အောက်ဆုံးသို့ မရောက်မှီ နှမြောတသဖြစ်မိခြင်းဟာ အတိတ်ကိုပြန်လည်တမ်းတမိခြင်း။

မျှော်လင့်မိသော အနာဂတ်များရှိသလို၊
ပျော်ရွှင်မှုနှင့်ဝမ်းနည်းမှုများရောယှက်နေသည့် ပစ္စုပ္ပန်များဟာ ဒုနှင့်ဒေး၊
ပြန်မရတော့တဲ့ အတိတ်တွေရယ်။
တကယ်ပဲ အချိန်တွေထဲမှာ ခံစားချက်တွေကို ထည့်သိမ်းလို့ရသလား။

ဒီလိုသာဆို....

"ငါမင်းကို အမြဲထည့်သိမ်းထားမိမှာ"

သူ၏ခပ်တိုးတိုးရည်ရွတ်သံကြောင့် အာကာက အပြင်ကိုကြည့်နေရာမှသူ့ထံသို့လှည့်ကြည့်လာကာ ဘာလဲဟူ၍ ခပ်တိုးတိုးမေးသည်။

"ဒီတိုင်း.....ဘာမှမဟုတ်ပါဘူး"

"အော..."

အချိန်တွေကို ကိုယ်စားပြုတဲ့
ငါ့ရဲ့ အချစ်ချားရဟက်ထဲမှာ
မင်းဟာ မဏ္ဍိုင်ပဲ အာကာ။
ငါ့ရဲ့ ပစ္စုပ္ပန်၊ငါ့ရဲ့ အမှတ်တရ၊ငါ့ရဲ့ မျှော်လင့်ချက်၊ငါ့ရဲ့အနာဂတ်...
မင်းဟာငါ့ရဲ့အရာအားလုံးပါပဲ။

My CCP Boyfriend Is A Big Red Flag(Complete)Where stories live. Discover now