Part-14

901 71 11
                                    

"စားလို့ကောင်းလိုက်တာ"

ကိုကိုက သူ၏အရှေ့မှ ချောကလက်ကိတ်အား တဇွန်းစားလိုက်ရင်း နှစ်ခြိုက်စွာဖြင့် ပြုံးလိုက်၏။
နှုတ်ခမ်းလေးများက ကော့တက်သွားမှုနှင့်အတူ မျက်ဝန်းကြည်ကြည်ကလေးများက အလှတရားတစ်ခုတိုလျှင်ငြင်းမရ။

ဇွန်းကိုကိုင်ထားတဲ့ လက်ချောင်းသွယ်သွယ်လေးတွေကိုကြည့်မိတော့ တံတွေးတချက်မျိုချမိသွားရပြန်သည်။
သူ၏ ကိုကိုသည်အလွန်လှပသည့်လူသားလေးတစ်ယောက်ဖြစ်၍ သူပိုင်ဆိုင်ချင်မိသည့် အဖိုးတန်လေးတစ်ခုပင်။

"မင်းလုပ်တဲ့ကိတ်တွေက တကယ်အကောင်းဆုံးပဲ စွမ်းထက်...."

"ကိုကို့အတွက်ဆို ကျွန်တော်က နေ့တိုင်းလုပ်ပေးမှာပေါ့ကိုကိုရဲ့"

အာကာ စိတ်ထဲရှိသည့်အတိုင်း ပြောလိုက်တော့ ကိုကိုကရယ်သည်။
ထို့နောက်သူ၏ဆံပင်ကောက်ကောက်ကလေးများအား ဖွလိုက်ရင်း "ဒါဆိုကိုကိုကကျေးဇူးတင်တာပေါ့"ဟူ၍ ပြန်၍ပြောလာလေ၏။

သူ့ဆံပင်အား ကိုကိုထိလိုက်သည့်အခိုက်အတန့်တိုင်းဟာ အတော့်ပင်ကြည်နူးစရာကောင်း၍ ကိုကို၏ခွေးပေါက်ကလေးပင် သူဖြစ်ချင်ပါတော့၏။

ယောက်ျားလေးများ၏ဆံပင်သည် သူ၏ချစ်ရသူတစ်ယောက်တည်းအတွက်ဆိုသည့်စကားမှာမှန်ပုံပေါ်သည်။
နောက်တစ်ခါဇွဲအား သူ၏ဆံပင်မကိုင်ဖို့ပြောထားရန်တွေးမိသွားသည်။
သို​သော်ငှား သူ၏ဆံပင်များကိုအလွန်နှစ်ခြိုက်တော့ မျက်ဝန်းများကို မြင်မိတော့ ထိုအတွေးများအားဖယ်ထုတ်ပစ်လိုက်ရသည်။

"စွမ်းထက်"

"ဗျာ ကိုကို"

"အခုက ထက်နိုင်ကမင်းအိမ်မှာဆို"

"ဟုတ်တယ်လေ ကိုကိုရဲ့"

"မင်းသူ့ကိုကြိုက်လား"

သံလွင်၏အမေးကိုကြားတော့ အာကာကမျက်မှောင်ကျုံ့သွားရင်း "ဟင့်အင်း"ဟူ၍ ဖြေဆိုလာ၏။
သူ၏ညီလေးအား ထက်နိုင်ဆီသို့မပေးချင်တာတော့အမှန်ပင်။

အရာရာတွင်သူ့အားဦးစားပေးသည့် ဒီကောင်လေးကိုတော့ သူ့အနားတွင်ထားချင်ပါသေးသည်။
အနည်းဆုံးတော့ ထက်နိုင်တွင် လိုတိုင်းရသည့် ကံရှိ၍ သူကတော့မဟုတ်ပေ။
ထို့ကြောင့် စွမ်းထက်အပေါ်တွင်တော့အတ္တတစ်ခုရှိလေသည်။

My CCP Boyfriend Is A Big Red Flag(Complete)Where stories live. Discover now