Part-32

1.1K 86 34
                                    

ခရီးဆောင်အိတ်အား လက်၌ဆွဲရင်း
တိုက်ခန်းထဲမှ ထွက်လာသော ဇွဲကို အာကာနားမလည်စွာကြည့်နေမိသည်။

"ဇွဲ ဘာလုပ်နေတာလဲ"

ဇွဲက သူ့အသံကြားတော့ ဖြည်းဖြည်းချင်းသူ့ကို မော့ကြည့်လာ၏။
နီရဲနေသော မျက်ဝန်းများ...။

"ဇွဲ ငိုထားတာလား...ဘာဖြစ်ခဲ့တာလဲ"

အာကာ ဇွဲ၏ ပါးကိုအုပ်မိုးကိုင်ရင်း စိတ်ပူစွာဖြင့် မေးလိုက်တော့ ဇွဲက သူ့လက်ကို ချက်ချင်းတွန်းဖယ်ပစ်လိုက်သည်။
မသိလျှင် သူထိသည်ကိုပင် မကြိုက်တော့သည့်ပုံစံမျိုးပင်။

"မထိနဲ့"

ဇွဲက ထိုသို့သတိပေးစကားပြော၍ သူ့ကိုကျော်ကာ ထွက်သွားဖို့ပြင်သည်။
ထိုအခါ အာကာ၏မသိစိတ်က ချက်ချင်းဆိုသလို ဇွဲအားလှမ်းဆွဲလိုက်မိ၍
ခံစားချက်သည်လည်းလုံးဝကောင်းမနေတော့ပေ။

"ဘယ်သွားမလို့လဲ"

"မင်းနဲ့ဝေးတဲ့နေရာ"

ဇွဲ၏ မျက်ဝန်းများကအသက်မဲ့နေသော်ငှား
ထိုမျက်လုံးများထဲတွင် ရွံမုန်းနေသော အကြည့်များကလည်းလျှံထွက်လို့နေသည်။

"ဘာကိုဆိုလိုတာလဲ"

"ငါတို့ဆက်ဆံရေးကို ဒီမှာပဲအဆုံးသတ်ရအောင် အာကာ၊
ငါမင်းကိုလက်လွှတ်ပေးဖို့ဆုံးဖြတ်လိုက်ပြီ"

အာကာသည် ဝိညာဥ်သည်တုန်လှုပ်စရာ သတင်းအားကြားလိုက်ရသကဲ့သို့ ခြောက်ခြားသွားခဲ့သည်။
ဇွဲက သူ့ကိုလက်လွှတ်လိုက်ပြီတဲ့လား
ဘာကိုဆိုလိုတာလဲ။

"ကျွန်တော့်ကို စိတ်ဆိုးနေတာလားဟင် ဇွဲ၊ ဘာကြောင့်လဲပြောပါ၊ ဒါပေမဲ့အခုလိုအိမ်ကနေအထိထွက်သွားတာကတော့ မဖြစ်သင့်ဘူးလေ"

"မင်းမေ့နေတာလား အာကာ၊ဒါကမင်းရဲ့တိုက်ခန်းလေ၊ငါ့မှာအိမ်သက်သက်ရှိပြီသား"

အာကာသည် လက်ရှိအခြေအနေကိုတကယ်နားမလည်ဖြစ်နေမိသည်။
ဇွဲသည် သူ့အိမ်ကနေထွက်သွားတော့မည့်ပုံဖြစ်နေ၍ အကြောင်းအရင်းကိုလည်းသူ
မသိချေ။သေချာတာကတော့
သူ ဇွဲကိုဒီကနေ မထွက်သွားစေချင်ဘူး။

My CCP Boyfriend Is A Big Red Flag(Complete)Where stories live. Discover now