Part-35

1K 98 45
                                    

ကောင်းကျော်ဇေသည် ယနေ့တွင် ဇွဲအားစားသောက်ဆိုင်တစ်ဆိုင်သို့ချိန်းဆိုလာခဲ့၍
အခြေအနေမှာ သူ့အားဖွင့်ပြောတော့မည့်ပုံစံဖြစ်နေသည်။
သူ့အား ကမ်းပေးလာသည့် ကောင်းကျော်ဇေ၏ ပန်းစည်းကြီးအား ဇွဲ စိတ်ရှုပ်ထွေးစွာကြည့်လိုက်မိသည်။

"မင်းအတွက်"

"ကျေးဇူး"

ဇွဲ ပန်းစည်းအားလက်လွှဲယူလိုက်၍ သူ၏ထိုင်ခုံနံဘေးတွင်ချထားလိုက်သည်။
ယောက်ျားတစ်ယောက်၏ဘဝတွင်
သူသေသည့်အခါမှ ပန်းအားလက်ခံရကြသည် ဟုကြားဖူးသည်။

ဇွဲကတော့ ထိုထဲတွင်မပါဝင်ခဲ့ဟန်ရှိပါ၏။
ပန်းစည်းကိုမြင်မှ အရင်က သူလည်း အာကာ အားပန်းစည်းပေးရန်ကြိုးပမ်းဖူးသည်ကိုသွားရောက်သတိရမိသည်။

သူသည် ထိုကောင်လေးကို ပန်းစည်းနှင့်အတူ နှလုံးသားကိုပါအပ်နှံချင်ခဲ့၍
ထိုကောင်လေးထံမှ ပန်းတပွင့်နှင့် မေတ္တာတစ်စကို ပြန်လည်ရယူချင်ခဲ့သည်။
သို့သော်ငှား ယင်းသည် အိမ်မက်သာသာ'သာ ဖြစ်ခဲ့၏။
အဘယ်ကြောင့်ဆိုသော် သူသည်လည်း ထိုကောင်လေးကိုပန်းစည်းမပေးခဲ့ရသလို
ထိုကောင်လေးထံမှလည်း မေတ္တာတစ်စွန်းတစ်စလေး မှအစ ပန်းတပွင့်အဆုံး မည်သည့်အရာမှလက်ခံ
မရရှိခဲ့သော်ကြောင့်ပင်။

"အခုဒီကိုခေါ်လိုက်ရတာက တကယ်တော့မင်းကိုငါပြောစရာရှိလို့၊ဘုန်းလေး
မင်းလည်းသတိထားမိမှာပါ မင်းနဲ့ငါရဲ့ဆက်ဆံရေးကို အရင်ကလိုမျိုးဖြစ်ချင်တယ်ဆိုတာ၊
မင်းကိုငါ့ရဲ့ကောင်လေးဖြစ်စေချင်တယ် ဘုန်းလေး"

သူ့အရှေ့မှ ငဂျစ်ကောင်သည် ဒီအခြေအနေကို ခန့်မှန်းမိပြီးသားဆိုတာကို ကောင်းကျော်ဇေ သိပါသည်။
ကောင်းကျော်ဇေသည် ဘုန်းလေးနှင့်ပြတ်ပြီးကတည်းက ရည်းစားနှစ်ယောက်သာထားခဲ့၍ထိုသို့ထားခဲ့ခြင်းဟာလည်း ဘုန်းလေးအားမေ့နိုင်ရန်သာဖြစ်သည်။
ယခုလိုပြန်လည်တွေ့ဆုံခိုက်တွင်တော့ ပိုမိုသေချာသွားသည်က ဘုန်းလေးအား သူလုံးဝစိတ်မပြတ်နိုင်ခြင်းပင်။
ဘုန်းလေးသာ
သူ့အချစ်ကိုလက်ခံပေးမယ်ဆိုရင်
သူဒီကောင်လေးကို လက်ထပ်ယူဖို့အထိပါစဥ်းစားထား၍ တသက်လုံးအနားတွင်
ပျော်ရွှင်အောင်ထားပေးမည်ဖြစ်သည်။

My CCP Boyfriend Is A Big Red Flag(Complete)Where stories live. Discover now