Part-24

979 82 38
                                    

အာကာ အဝင်ကောလ်မရှိသော ဖုန်းအားကြည့်ရင်းစိတ်ရှုပ်ထွေးလာမိသည်။
သူ ကလောမှပြန်ရောက်သည့်အချိန်တွင် ဇွဲက အိမ်တွင်ရှိမနေခဲ့၍ အဆက်အသွယ်လည်းမရခဲ့ပေ။

ပြောရလျှင် အိမ်သည် သူကလောကိုမသွားခင်နေ့က ပုံစံအတိုင်းဟူ၍ပင်ပြောလို့ရသည်။ထို့နေ့ကတည်းကဇွဲအိမ်ပြန်မလာသေးခြင်းပင်။
ဇွဲနှင့်နောက်ဆုံးအဆက်အသွယ်ရသည်မှာ ဇွဲသူ့ကိုစောစောပြန်လာရန်ဖုန်းဆက်လာသည့် အချိန်ပင်ဖြစ်လေသည်။
နောက်ပိုင်းတွင်တော့ ဖုန်းကိုလည်းစက်ပိတ်ထားတာကိုကြုံခဲ့ရ၍ တကယ့်ကိုရှာမရခဲ့ချေ။

သူ၏ဆိုင်တွင်လည်း Cheese cakeလာဝယ်ခြင်းမရှိတော့ချေ။
ယခင်က ဇွဲမအားလျှင်သူ၏အတွင်းရေးမှူးကိုလွှတ်ကာအမြဲ cakeဝယ်ခိုင်းလေ့ရှိသည်။
ယခုအခါ အတွင်းရေးမှူးကိုပင်မတွေ့ခဲ့ရ။

နောက်ထပ်သတင်းတစ်ခုရှိနေသေးသည်က ထိုနေ့တွင်လူတစ်ယောက်က ကားပါကင်တွင်ဓားအထိုးခံခဲ့ရသည်ဟူသောသတင်းပင်။ယင်းကိုလည်း
တိုက်ခန်းဘေးရှိအဒေါ်ကြီးများပြောနေသည်ကိုကြားခဲ့ခြင်းကြောင့်သိခြင်းပင်။

မဟုတ်မှ ဇွဲများ.....။

အာကာအနည်းငယ်စိတ်ပူသွားမိသည်။မဟုတ်လောက်ပါဘူး ဇွဲကဒီလောက်တိုက်ခိုက်တာတော်တာကို...။

တိုင်ကပ်နာရီအားကြည့်ရင်း အာကာ စိတ်တိုလာမိသည်။

အိမ်မပြန်လာဘူးဆိုရင်တောင်အကြောင်းပြချက်ပေးရမည်လေ၊အဲ့​တာမှ သူ့(ဇွဲ)ရဲ့ပစ္စည်းတွေကိုသူပြန်ပေးလို့ရမှာပေါ့။

ထိုအချိန်တွင် တံခါးလော့ဖွင့်သံကြားလိုက်ရသောကြောင့် အာကာချက်ချင်း တံခါးဘက်သို့ခေါင်းထောင်ကြည့်လိုက်သည်။

အိမ်နေရင်းအဝတ်အစားအားပေါ့ပေါ့ပါးပါးဝတ်ထားသည့် ဇွဲက အထုတ်တစ်ထုတ်ကိုဆွဲ၍ တိုက်ခန်းထဲသို့အေးအေးလူလူဝင်လာခြင်း။

အာကာ မျက်မှောင်ကျုံ့လို​က်ရင်း

"ပြန်လာသေးတယ်ပေါ့"

ဇွဲက သူ့ကို တချက်ကြည့်သည်။
ဇွဲ၏အကြည်များသည်ပုံမှန်ထက် ဖျော့တော့နေ၍ တက်ကြွမှုများမရှိချေ။

My CCP Boyfriend Is A Big Red Flag(Complete)Where stories live. Discover now