Part-36

1.4K 118 35
                                    

တစ်လခန့်ကြာပြီးနောက်~~

ဆေးရုံကုတင်ထက်တွင် လဲလျောင်းနေသော အဖေဖြစ်သူအား ဇွဲတစ်ယောက်
မျက်နှာသေဖြင့် စိုက်ကြည့်နေခဲ့သည်။
ယင်းရက်ပေါင်းသုံးဆယ်အတွင်း ပြဿနာပေါင်းများစွာဟာ ရှိခဲ့သလို ကိစ္စပေါင်းများစွာလည်း ဖြစ်ပျက်ခဲ့ပြီပင်။

ထိုလအတွင်းတွင် မေမေ့၏ကုမ္ပဏီအား ဇွဲပြန်လည်ရယူနိုင်ခဲ့၍
အဖေက မေမေအားလုပ်ကြံခဲ့သည်ဟူသောသက်သေများကိုလည်း ရရှိခဲ့ကာ
အဖေဖြစ်သူအား ဖမ်းဆီးခဲ့သည်။

သို့သော်ငှား ကုမ္ပဏီကိုပါလက်လွှတ်လိုက်ရသလို အဖမ်းခံရတော့မည့် အခြေအနေကိုပါ တပြိုင်နက်တည်းရင်ဆိုင်ရလိုက်သောကြောင့် ထိုလူသည် နှလုံးရောဂါထဖောက်ခဲ့၍ ဆေးရုံသို့တင်ခဲ့ရခြင်းပင်။
သူ၏အခြေအနေပြန်ကောင်းလာသည်နှင့် တရားရုံး၌အမှုရင်ဆိုင်ရမည်ဖြစ်သည်၊သေချာသည်က ထိုလူသည် မည်သည့်နည်းနှင့်မျှ လွှတ်မြောက်အောင်လုပ်လို့ရမည်မဟုတ်ပေ။အဘယ်ကြောင့်ဆိုသော် သက်သေအခိုင်အမာရထား၍ ပြန်လည်ချေပကာ ငြင်းဆိုဖို့အတွက် အလွန်ပင်ခက်ခဲသောကြောင့်ဖြစ်သည်။

ကောင်းကျော်ဇေသည်လည်း ပြည်ပသို့ထွက်သွားခဲ့၍ ကျန်တစ်ယောက်ဖြစ်သည့်
အာကာစွမ်းထက်....
ထိုကောင်လေးကတော့ ဇွဲကိုခဏခဏလာရှာပြီး အထပ်ထပ်အခေါက်ခေါက်တောင်းပန်ခဲ့သော်ငှား ဇွဲကတော့လက်မခံခဲ့ပေ။နောက်ပိုင်း အာကာနှင့်မတွေ့အောင်တမင်ရှောင်ခဲ့၍ သူ့အားလာတွေ့လျှင်လည်း ပြန်၍နှင်လွှတ်တာအကြိမ်ကြိမ်။

Ringtone~~

ဖုန်းခေါ်ဆိုမှုကိုလက်ခံလိုက်တော့ တဖက်မှ
အနည်းငယ်ချိုသာသောအမျိုးသမီးတစ်ယောက်၏အသံက ကျက်သရေရှိစွာထွက်ပေါ်လာ၏။

"အင်း ကိုယ်အခုထွက်လာနေပြီ၊
နောက်ဆယ်မိနစ်အတွင်းရောက်မယ် ပုလဲ"

ပြီးတော့ နောက်ထပ်က ဇွဲ၏ မင်္ဂလာကိစ္စ...
ဒီတလအတွင်း အဒေါ်ဖြစ်သူ၏ တောင်းဆိုမှုကြောင့် မိန်းကလေးတစ်ယောက်နှင့် စေ့စပ်ပွဲပြုလုပ်ဖို့အကြောင်းဖန်လာခဲ့ခြင်း။
မနက်ဖြန်ဆိုလျှင် အဒေါ်ဖြစ်သူမိတ်ဆက်ပေးသော ၎င်းမိန်းကလေးနှင့်စေ့စပ်တော့မည်ဖြစ်သည်။

My CCP Boyfriend Is A Big Red Flag(Complete)Où les histoires vivent. Découvrez maintenant