Part-38

1.5K 110 27
                                    

ဆေးရုံကုတင်ထက်၌ လဲလျောင်းနေသော ကောင်လေးငယ်ကို ကြည့်ရင်း
ဇွဲ၏ နှလုံးသားသည် အတိုင်းအစမရှိ နာကျင်လာရသည်။
အနားသို့ ဖြည်းညင်းစွာတိုးကပ်သွားရင်း
ကုတင်ထက်ရှိ ကောင်လေးငယ်၏
လက်ချောင်းကလေးများကို အသာအယာထိကိုင်လိုက်ရင်း မျက်ရည်များသည် ကမ်းပြိုသကဲ့သို့ ပါးပြင်ပေါ်တွင် တလဟော
နေရာယူလာခဲ့၏။

သူသာ ထိုကဲ့သို့မပြောလိုက်လျှင် အာကာသည် ယင်းကိစ္စအားပြုလုပ်မည်မဟုတ်ပေ။

"မင်းက စောက်ရူးလား...
သေဆိုတိုင်းသေရအောင် မင်းဦး​နှောက်က ချို့ယွင်းချက်ရှိနေတာလား"

ဇွဲ အော်ငေါက်ပစ်သော်ငှား မေ့မျောနေသော အာကာသည် ထိုစကားများကိုမကြားနိုင်ခဲ့ချေ။
အရင်က ဇွဲသည် အာကာကို ပြောမပြတတ်အောင်ချစ်ခဲ့သော်ငှား
ယခုတော့ အာကာသည် ဇွဲကို အသက်အားစတေးနိုင်သည်အထိချစ်ပါသည်တဲ့လေ။

သူပျော်သင့်ပေမဲ့ ထိုပျော်ရွှင်မှုများအစား 
စိတ်ရှုပ်ထွေးမှုနှင့်အတူ နာကျင်မှု၊ဝမ်းနည်းမှုအစရှိသည့် ခံစားမှုမျိုးကိုသာခံစားနေရသည်။

ချစ်ခြင်းတို့၏ ထပ်တူကျမှုအခြေအနေသည် နောက်ကျသွားခဲ့ခြင်း။
ယခုအချိန်တွင် သူ၏နှလုံးသားကိုဓားပေါင်းများစွာက လာရောက်ထိုးစိုက်ကြသလိုမျိုးနာကျင်မှုကိုခံစားနေရသည်။

သူ အာကာစွမ်းထက်ကို မချစ်တော့ဘူးလားဆိုတော့ ဘယ်လိုလုပ်ပြီးများဖြစ်နိုင်မည်တဲ့လဲ့၊
ချစ်လွန်းလို့ နာကျည်းခဲ့ရခြင်းဖြစ်သည်။
သူအယုံကြည်ရဆုံးနှင့်အချစ်ရဆုံးလူက သူ့ကိုသစ္စာဖောက်သွားသည်ဟုခံစားလိုက်ရသောကြောင့် အာကာ့ကိုနာကျည်းခဲ့ရခြင်း။

နှလုံးသားတစ်ခုလုံးနှင့်အတူခန္ဓာကိုယ်ကိုပါ ပေးချင်ခဲ့ဖူးတဲ့လူဟာ အာကာစွမ်းထက်ဆိုတဲ့ ဒီလူဆိုးကောင်တစ်ယောက်ကိုပါပဲ။
သေချာပေါက် သူကြောက်နေခဲ့မိသည်၊ သူ့ကိုထပ်ပြီးသစ္စာဖောက်သွားမည်ကိုကြောက်သလို ထပ်ပြီးနာကျင်ရမှာကိုလည်း ဇွဲသိပ်ကြောက်သည်၊ထို့ကြောင့် အာကာ၏ တောင်းပန်မှုနှင့် ခံစားချက်များကိုလျစ်လျူရှုခဲ့ခြင်းဖြစ်သည်။

My CCP Boyfriend Is A Big Red Flag(Complete)Donde viven las historias. Descúbrelo ahora