Part-22

885 71 23
                                    

ဇွဲ၏ မျက်ဝန်းများထဲတွင် တောက်ပမှုအချို့နှင့်အတူ နွေးထွေးမှုများကိုလည်း တွေ့ရသည်။
လုံခြုံမှုဆိုသည်မှာ ထိုကဲ့သို့သောခံစားမှုမျိုးပါလား။

မသိစိတ်၏ ဦးဆောင်မှုကြောင့်ထင်သည်။နှစ်ဦးသား၏ မျက်နှာတို့သည် တဖြည်းဖြည်းနီးကပ်လို့လာ၏။ လက်တစ်စုံသည်လည်းတစ်ခုနှင့်တစ်ခုယှက်နွယ်လို့နေလျက်။
နှုတ်ခမ်းပါးတို့သည့် တစ်စုံနှင့်တစ်စုံ ထိကပ်လုဆဲဆဲတွင်....၊

Ringtone*

ရုတ်တရက် ထွက်ပေါ်လာသော ကျယ်လောင်လှသည့် အသံကြောင့် နှစ်ယောက်သား၏ အပြုအမူတို့သည့် ရပ်တန့်သွားကြကုန်၏။

အာကာ သတိပြန်လည်ဝင်ရောက်လာခိုက် သူ၏နှုတ်ခမ်းသည် ဇွဲနှင့်ထိကပ်ဖို့စင်တီမီတာအနည်းငယ်သာလိုတော့သည်။
အာကာကော ဇွဲပါ တဖက်တချက်ဆီသို့ ရှက်ရှက်ဖြင့်သာ မျက်နှာလွဲလိုက်ကြပြီး အာကာသည်လည်း သူ၏ဖုန်းအားအမြန်ကောက်ကိုင်လိုက်ရသည်။

ယင်းအဝင်ကောလ်အားလက်ခံလိုက်သည့်အချိန်တွင် ပထမဆုံးကြားရသည့်အသံမှာ "စွမ်းထက်...ဟစ်!"

"ကိုကို?"

အာကာ ခေါ်လိုက်သောနာမ်စားကြောင့် အာကာ့အား ဇွဲ လှည့်ကြည့်လိုက်မိသည်။
မင်းခန့်သံလွင်လား?
ဇွဲ အလိုမကျစွာမျက်မှောင်ကျုံ့လိုက်မိရင်း အာကာအားစိုက်ကြည့်နေမိသည်။

ထိုအချိန်မှာပဲ အာကာက ရုတ်တရက် မတ်တပ်ထရပ်လိုက်၍ အပေါ်ထပ်ကုတ်အား ကောက်ကိုင်လိုက်လေသည်။
ထို့နောက် စိတ်ပူစွာဖြင့် ပါးစပ်မှလည်း
"ကျွန်တော်အခုလာခဲ့မှာမို့ အဲ့မှာပဲစောင့်နေ"ဟူ၍ ပြောနေသေးသည်။

တိုင််ကပ်နာရီအားမော့ကြည့်လိုက်မိတော့ ကိုးနာရီကျော်ကျော်။
ဇွဲ အာကာအား တစ်ခုခုပြောဖို့အလုပ်မှာပဲ အာကာသည် တံခါးဖွင့်၍ အပြင်သို့ထွက်သွားနှင့်လေပြီဖြစ်သည်။

မသွားပါနဲ့လို့ ပြောဖို့တောင် သူ့မှာ
အခွင့်အရေးမရှိခဲ့ပါလား။
သူသည် အာကာ၏ရွေးချယ်မှုနှင့်မထိုက်တန်သောကြောင့်လားဟူ၍ တစ်ခါတစ်ရံတွေးမိပြန်သည်။

My CCP Boyfriend Is A Big Red Flag(Complete)Where stories live. Discover now