Part-12

1.2K 95 6
                                    

ခန်းမ၏ အပြင်ဘက်ကိုရောက်လာသည့်အချိန်တွင် အောင်ပြည့်မှူးဇော်က အလောတကြီးဖြင့် သူတို့နှစ်ယောက်ထံသို့ပြေးလာ၍
ပြည့်မှူးဇော်၏အနောက်တွင်တော့
ခပ်ချောချောလူတစ်ယောက်ကလိုက်ပါလာသည်။

ထိုသူကတော့ အခြားမဟုတ်
အာကာစွမ်းထက်၏ဒုတိယအကို အာကာလွမ်းထက်။
နာမည်ကြီးဒါရိုက်တာတစ်ယောက်ဖြစ်သကဲ့သို့ ရုပ်ရှင်ထုတ်လုပ်ရေး
entertainment တစ်ခု၏ CEOတစ်ဦး။
မိသားစု ပိုင်ကုမ္ပဏီ၏ ဒုဥက္ကဋ္ဌဖြစ်၍
AK(Arkar)
ကုမ္ပဏီ၏ဒုတိယရှယ်ယာအများဆုံးလူဖြစ်ကာ ပထမအများဆုံးကတော့
အာကာစွမ်းထက်၏ပထမအကို အာကာစွမ်းသက်ပင်။

လုပ်ဆောင်ချက်များနှင့်အောင်မြင်မှုများကိုတိုင်းတာလိုက်လျှင်
အာကာလွမ်းထက်သည်
ညီအကိုသုံးယောက်ထဲတွင်
အချမ်းသာဆုံးနှင့်အတော်ဆုံးဟူ၍ပင် ပြောလို့ရနိုင်သည်။

လွမ်းထက်သည် ဇွဲတို့သူငယ်ချင်းသုံးယောက်နှင့်အတန်းတူ၍
သူငယ်ချင်းဟောင်းများဆိုလည်းမမှားပေ။

၎င်းအား အသာထား၊အဘယ်ကြောင့် လွမ်းထက်နှင့် ပြည့်မှူးဇော်သည်အတူတူရောက်လာရပါသနည်း။
မကြာသေးမှီက သူကြားလိုက်သည့်
အောင်ပြည့်မှူးဇော်ခေါ်လိုက်သော
"ကိုလွမ်း"ဆိုသည်မှာ လွမ်းထက်များလာ။

"မာမီဒီကိုဘယ်လိုလုပ်ရောက်လာရတာလဲ"

ပြည့်မှူးဇော်က အနည်းငယ်အံ့သြထိတ်လန့်သံနှင့်မေးလာသည်။

"ဟုတ်တယ်၊ဒေါ်လေးကိုကျွန်တော်တို့က လန်ဒန်မှာပဲထင်နေကြတာလေ...
ဒီလိုရုတ်တရက်ကြီးပေါ်လာတော့ ကျွန်တော်တောင်စစချင်းမှာကြောင်သွားတယ်"

ဇွဲ၏ အပြောကို ဒေါ်လေးက အသာရယ်ရင်း ခေါင်းအားပုတ်ရန်လက်လှမ်းလာသဖြင့် ခါးအားကိုင်းချပေးလိုက်သည်။

"ငါတို့ မြေခွေးပေါက်ကလေးကိုဒီနေရာမှာတစ်ယောက်တည်းမထားနိုင်ပါဘူးနော်"

"ဒါဆိုကျွန်တော်ကရော"

အောင်ပြည့်မှူးဇော်က အနည်းငယ်ခပ်ချွဲချွဲလေသံဖြင့်မေးတော့ ဒေါ်လေးက မျက်စောင်းလှလှလေးကိုချစ်စနိုးဖြင့်ထိုးပစ်လိုက်သည်။
အသက်ကြီးလာသော်ငှား အရွယ်တင်နုပျိုနေသည့်ဒေါ်လေး၏မျက်နှာတွင် အရည်အကြောင်းများကပင်မသိသာလှ။

My CCP Boyfriend Is A Big Red Flag(Complete)Wo Geschichten leben. Entdecke jetzt