Part-5

1.2K 85 12
                                    

တောက်...တောက်...တောက်

အစည်းအဝေးခန်းထဲ၌ စားပွဲခုံအားလက်ဖြင့်တောက်နေသံမှလွဲ၍ အရာအားလုံးဟာငြိမ်သက်နေခဲ့သည်။
လူတိုင်းက အသက်ရှူသံပြင်းပြင်းတောင်မထွက်ရဲမိသည်အထိ၊
အချို့ဆိုလျှင်လည်း အသက်အားအောင့်ထားလျက်ရှိပြီး အမှားသေးသေးလေးလုပ်မိသွားမှာကိုပင်ကြောက်နေဟန်။

"ဘာတင်ပြစရာရှိသေးလဲ"

​ခပ်ပြတ်ပြတ်စကားသံ၌ သြဇာသံအပြည့်။

"မ...မရှိတော့ပါဘူး..ခင်ဗျ"

Projector ၏အရှေ့တွင် စာရွက်စာတမ်းများကိုရင်ဝယ်ပိုက်ထားသောကောင်လေးက တုန်တုန်ယင်ယင်ဖြင့် ထိုသူ၏အမေးကို ပြန်လည်ဖြေကြားလာသည်။

"အစီအစဥ်တိုင်းပဲဆက်လုပ်လိုက်...
ဒါပေမဲ့ ဒီဇိုင်းကိုနည်းနည်းခေတ်ဆန်တဲ့ဘက်ကိုပိုသွားလိုက်၊
အရမ်းကြီးလည်းမရှုပ်စေနဲ့။
ဒါပဲ...အစည်းအဝေးသိမ်းမယ်"

ထိုသို့ပြောပြီးပြီးချင်း လူတိုင်းက ထိုင်ခုံမှထရပ်လိုက်ကြသည်။
ချိတ်ထားသောခြေအား ဖြုတ်လိုက်၍ မတ်တပ်ရပ်လိုက်သည့်အချိန် အခန်းထဲတွင် ထိုသူဟာအရပ်အရှည်ဆုံးမှန်းသိသာလှ၍
အရှိန်အဝါများကပင် ထိုလူ့ထံမှတစိမ့်စိမ့်ထွက်နေပုံ။

နက်ကတိုင်အား အနည်းငယ်
ပြင်ဆင်လိုက်၍ ခြေလှမ်းကျဲကြီးများဖြင့် ထိုလူအစည်းအဝေးခန်းထဲကထွက်သွားမှ လူတိုင်း၏သက်ပြင်းချသံက အခန်းထဲတွင် တညီတညွှတ်တည်းထွက်ပေါ်လာကြ၏။

အစည်းအဝေးခန်းထဲမှ ထွက်သွားသည့်ထိုလူဟာ အခြားမဟုတ်
Glory Company၏ CEO
ဇွဲဘုန်းထက်နိုင်။

ကုမ္ပဏီရှိလူအများကတော့ သူ့အားခေါ်သည်က မြွေပွေး။
အမြဲ ငြိမ်နေသည်ဟုထင်နေရသော်လည်း တချက်ထိလိုက်တာနဲ့
ထိလိုက်သည့်လူကို စုတ်ပြတ်သတ်သွားစေသည်အထိ
အဆိပ်ပြင်းသည့်သူ။
မြေခွေးလိုညဏ်နီညဏ်နက်များပြီး
စီးပွားရေးလောကတွင် ထိပ်တန်းမှရပ်တည်နိုင်သူ။

သို့သော်လည်း
နောက်ထပ်ခေါ်ကြသည့်အရာများက  ခွေးရူး၊ဆန်ကုန်မြေလေးကောင် အစရှိသဖြင့် အဘယ်ကြောင့်ဆိုသော်
အကြောင်းမှာ ပိုက်ဆံရှိသော်လည်း
လူစိတ်မရှိသည်ကများသောကြောင့်ပင်။

My CCP Boyfriend Is A Big Red Flag(Complete)حيث تعيش القصص. اكتشف الآن