Part-15

947 67 10
                                    

ရတီထားမေက သူမအရှေ့ရှိအကင်ဗန်းထဲမှ အကင်များအား အားပါးတရစားရင်း သူမ၏အဓိပ္ပါယ်ရှိလှသောဘဝကြီးအားပျော်ပျော်ကြီးခံစားနေဟန်။

"ထက်နိုင်"

"အင်း"

ရတီထားမေက တစ်ခုခုအားပြောရန်အရင်ဆုံး သူမပါးစပ်ထဲရှိအကင်များအားမျိုချလိုက်ရင်း
ကိုကာကိုလာ အားမော့ချလိုက်လေသည်။ထို့နောက် မျက်နှာကြီးကအနည်းငယ်ရှုံ့မဲ့သွား၍ ရုပ်ဆိုးလွန်းလှပေသည်။

"နင်အခုတလော အာကာစွမ်းထက်ဆိုတဲ့ကောင်အိမ်မှာတက်နေနေနေတာဆို"

သူမ၏အမေးကြောင့် မိက်နှာချင်းဆိုင်ရှိအောင်ပြည့်မှူးဇော်ကပါ မျက်ခုံးပင့်ကာကြည့်လာလေသည်။
ဇွဲလည်း သူမမေးသည်မှာလည်း အမှန်ပင်မို့ ခေါင်းငြိမ့်ပြကာဖြေပေးလိုက်၏။

ထိုအခါ အောင်ပြည့်မှူးဇော်က ဇွဲအား စိတ်ဆိုးသည့်အကြည့်ဖြင့်ကြည့်ရင်း ကိုင်ထားသည့်ဖျော်ရည်ခွက်အား စားပွဲပေါ်သို့အသံမြည်အောင် အားဖြင့်ဆောင့်ကာချလိုက်သည်။

"အရင်တုန်းက အဆောင်အတူတူငှားနေရအောင်ဆိုတုန်းကတော့ အသေငြင်းခဲ့ပြီးမှ အဲ့ကောင်နဲ့ကျတော့ မင်းကနေတယ်ပေါ့လေ....
ဖြစ်သင့်တယ်လို့ထင်နေလား ဇွဲဘုန်းထက်နိုင်"

"မင်းကဆေးကျောင်းသားလေကွာ၊ငါမင်းနဲ့အတူနေရင် မင်းစာလုပ်စရာတွေနှောင့်နှေးပြီး မလွှတ်လပ်မှာစိုးလို့ပါကွာ"

ဇွဲ၏အဖြေကိုအောင်ပြည့်မှူးဇော်ကတော့သိပ်မကျေနပ်ဟန်။
အတော်ရစ်တတ်သည့်သူငယ်ချင်းပါပေ။

"ထက်နိုင်..နင်သူ့ကိုဘယ်လိုခံစားရလဲ"

ရတီထားမေ၏မေးခွန်းက ဇွဲ၏ ဖန်ခွက်ကိုင်ထားသောလက်များအား တစ်ချက်တုန်သွားစေသည်။
ပြည့်မှူးဇော်ကလည်းသိချင်နေဟန်ပင်။

"အမ်....မသိဘူးလေ"

ဇွဲ အဖြေအားရှောင်ရန် ဖန်ခွက်အားမော့ကာ ဖျော်ရည်တစ်ငုံကိုသောက်လိုက်ရင်း မျက်လုံးအကြည့်များကိုလည်းရှောင်လိုက်၏။

"ပြောလို့ရတယ်.....နင်ခံစားနေရသမျှပြောပြလို့ရတယ်လို့"

သူ၏သူငယ်ချင်းမ၏အသံသည် အနည်းငယ်ခိုင်မာနေသည်။
သူမသည် ဇွဲမပြောပဲနှင့်တောင်အဖြေသိနှင့်ပြီးသားလူသကဲ့သို့။
ဇွဲ မတတ်သာစွာဖြင့် ရတီထားမေ၏မျက်လုံးများကိုကြည့်လိုက်တော့ သူဒီမေးခွန်းအားမရှောင်နိုင်မှန်းသိလိုက်ရ၏။

My CCP Boyfriend Is A Big Red Flag(Complete)Where stories live. Discover now