Part-4

1.4K 85 17
                                    

ယနေ့ဟာ ကျောင်းသားမိဘများနှင့်တွေ့ဆုံပွဲလုပ်သောကြောင့် ကျောင်းဝင်းထဲ၌ လူများကအနည်းငယ်စည်းကားနေလေသည်။

သေချာပေါက် ဇွဲရဲ့မိဘတွေကတော့ဘယ်လာနိုင်ပါ့မလဲ။
9နှစ်တာလုံးအခုလို အခြေအနေများနှင့်များစွာကြုံတွေ့ခဲ့ပြီးဖြစ်သောကြောင့်
သိပ်တော့အထွေအထူးမရှိ။
လွယ်အိတ်အား လက်မောင်းတဖက်တည်းဖြင့် လွယ်လိုက်ရင်း
သွားနေကျနေရာဆီသို့ ခြေလှမ်းများအား ဦးတည်လိုက်သည်။

ဤလ များအတွင်း ဇွဲတွင်အကျင့်တစ်ခုရှိလာခဲ့သည်။
၎င်းမှာ အနုပညာခန်းဘက်သို့သွား၍ လူတစ်ယောက်၏ တယောတီးသံကို နားထောင်ရတာကိုပင်။

အနုပညာခန်းဘက်သို့
နေ့ခင်းဘက်၌ အခြားသောအတန်းများမှကလေးများက လာခွင့်မရှိပဲ
ဇွဲကတော့အမြဲခိုးထွက်ကာ ကျောင်းဆောင်၏အနောက်လမ်းကြားထဲတွင်သွား၍ ခိုးနားထောင်တတ်လေသည်။

အထီးကျန်တယ်လို့ခံစားရရင်ပဲဖြစ်ဖြစ်၊ ဝမ်းနည်းလာခဲ့ရင်ပဲဖြစ်ဖြစ်၊
အမည်မသိလူတစ်ယောက်တီးသော သီချင်းသံဟာ သူ့အတွက်တော့စိတ်အပန်းဖြေရာနေရာလေးတစ်ခုဖြစ်ခဲ့သည်။
ထိုလူတီးသောသံစဥ်များဟာ အခြားများနှင့်မတူညီပဲ အနည်းငယ်တော့အမြဲကွာပြားနေတတ်လေသည်။

ဘာကွဲပြားသွားသလဲဆိုတာကိုဇွဲတပ်အပ်မပြောနိုင်ပါသော်လည်း
နှလုံးသားကတော့ ခံစားမိနေခဲ့သည်။

ကျောင်းနောက်ဖေးလမ်းကြားထဲရှိ မြေပြင်ပေါ်သို့ စိတ်လိုလက်ရထိုင်ချလိုက်ရင်း အသက်ပြင်းပြင်းတချက်ရှူလိုက်မိသည်။
ကျောင်းဆောင်၏အုတ်တံတိုင်းတဖက်တွင်သစ်ပင်များရှိပြီး အမြဲစိမ်းစိုနေတတ်သည်မှာ စိတ်ကိုအေးချမ်းစေသည်ပင်။

လက်ပတ်နာရီအား တချက်ကြည့်လိုက်တော့ သံစဥ်များထွက်မပေါ်လာခင် တစ်မိနစ်အလို။
ယင်းတစ်မိနစ်အပြီးတွင်တော့ ခါတိုင်းရက်တွေအတိုင်း လှပသောတယောတီးခတ်သံက ထွက်ပေါ်လာပြီး
ဇွဲ၏နှလုံးသားကို တည်ငြိမ်စေလေသည်။

တယောတီးသည့်လူဟာ အနည်းငယ်တော့ ဇီဇာကြောင်သည်ထင်သည်၊ဒါမှမဟုတ်လျှင် အချိန်အလွန်တိကျတတ်သူဖြစ်လိမ့်မည်ပင်။အဘယ်ကြောင့်ဆိုသော် နေ့စဥ်နေ့တိုင်းအမြဲ ဤနာရီဤမိနစ်တိတိ၌ တယောတီးတတ်သောကြောင့်ပင်။
နားသည့်အချိန်ဟာလည်း အမြဲ 5မိနစ်အတိ။
ပိုခြင်းမရှိသလို လိုခြင်းလည်းမရှိ။
ပြီးလျှင် တယောတီးခတ်သံဟာအမြဲတိကျလှသောအချိန်တစ်ခု၌ရပ်သွားလေ့ရှိပြီး နေ့ရက်တိုင်းဟာပြောင်းလဲခြင်းမရှိပေ။

My CCP Boyfriend Is A Big Red Flag(Complete)Where stories live. Discover now