အခန်း (၂၃)

Începe de la început
                                    

"နယ်လီ ဟေဒီ ဒီထဲမှာ ခဏ နေခဲ့နော် ငါ ပြန်လာခေါ်မယ်.."

"ဒါလေး.. ဒါလေး.. မင်းက ဘယ်သွားမလို့လဲ.."

"ငါ့သူငယ်ချင်းတွေ.. အပြင်မှာ ကျန်နေခဲ့တယ်.. ငါက ကိုယ်လွတ်ရုန်းနေရမလား ဒါက ဘယ်လိုမှ မဖြစ်သင့်ဘူးလေ.."

ဒါလေး အိမ်အပြင်သို့ ထွက်လာတော့ ဒရက်နှင့် သမန်းဝံပုလွေတွေ တိုက်ပွဲက ပြင်းထန်နေပြီ။ ဒရက်က တစ်ဦးတည်း ဖြစ်ကာ.. တိုက်ခိုက်နေမှုက မမျှမတ ဖြစ်နေသည်။ ဝင်သွားပြီး တိုက်ခိုက် ရအောင်လည်း.. ဒါလေးက သာမန်လူသား တစ်ဦး ဖြစ်နေခြင်းကြောင့်.. ဘာမှမတတ်နိုင်ပေ။

ဒါလေး သစ်ပင်တွေကို ကွယ်၍ အာကာ ရှိသော နေရာသို့ တိုးသွားပြီး လှောင်ချိုင့် တံခါးကို ဖွင့်ပေးဖို့ ကြိုးစားမိသည်။ သို့သော် လှောင်ချိုင့်ကို ခတ်ထားသော သော့က ကြီးမားနေပြီး ဒါလေး ဘယ်လိုမှ ဖွင့်လို့ မရ ဖြစ်နေသည်။ နောက်မှ ကျိန်စာ တစ်ခုကို သတိရလိုက်ပြီး.. စမ်းကြည့်ဖို့ ကြိုးစားလိုက်သည်။

"ဒါမန်းဇက်ခ်!!.."

"ချောက်!.."

သော့ဖွင့်တဲ့ ကျိန်စာက အလုပ်ဖြစ်လို့ တော်သေးသည်။ အာကာကို ဆွဲထုတ်လိုက်တော့ အာကာက..

"မင်းဒီ သော့ဖွင့်တဲ့ ဂါထာကို ဆိုလိုက်တာက အရမ်းကို ခန့်ညားလွန်းတယ် ဒါလေး.."

"မင်း.. အပိုတွေ ပြောနေမယ့် အစား ဒရက်ကို ခဏ သွားကူလို့ ရမလား.."

အာကာနှင့် ဒါလေး ပြောဆိုနေစဉ်မှာပဲ ဝံပုလွေ တစ်ကောင်က တိုက်ခိုက် နေရာမှ ဒါလေးအား တွေ့မြင် သွားကာ..

"ကောင်မလေးက ဒီမှာ!!.."

ဝံပုလွေ တွေ၏ အာရုံက ဒါလေးထံသို့ ရောက်လာသည်နှင့် ဒရက်က ဒါလေး ရှေ့သို့ ခုန်ဝင်လာပြီးလျှင်.. ဒါလေးကို စိတ်ဆိုး ဒေါသထွက်နေသော အသံဖြင့်..

"မင်း အထဲကို သွား.. ဒါလေး.. ခဏနေဆို ဒီက နေရာ တစ်ခုလုံး လမ်းကြောင်း ဖြစ်သွားတော့မှာ.."

"ဘာ ဘာလမ်းကြောင်းလဲ.."

အာကာနှင့် ဒါလေးက ထိတ်လန့်စွာ.. မေးလိုက်တော့.. ဒရက်က..

ဒါဒါလေး အပိုင်းဆက်မှော်လောကဇာတ်လမ်းUnde poveștirile trăiesc. Descoperă acum