အခန်း ၁၁၀

Start from the beginning
                                    

ကုဝူကျိက အနားတွင်ရှိသည့် ရေချိုးခန်းထဲသို့ ချက်ချင်းသွားလိုက်ပြီး ရေချိုးလိုက်သည်။ သူ ဝင်သွားလိုက်သည်နှင့် ခလုတ်က အလိုအလျောက်ပွင့်သွားပြီး ရေပူများကျလာသည်။

ဒါက ရိုးရှင်းသော သဘာဝလွန်မြင်ကွင်းဖြစ်သည်။ သို့သော် ကုဝူကျိကမူ အိမ်တွင်ရှိသော သရဲများ၏အမူအကျင့်နှင့်ပတ်သက်ပြီး ကျင့်သားရနေသဖြင့် မထူးဆန်းတော့ချေ။

စောင့်ဆိုင်းနေရင်းမှ ကုဝူကျိက စနစ်ထဲသို့ဝင်လိုက်ပြီး သည်ပုံတူလောကအခြေအနေကို စစ်ကြည့်သည်။

သည်ပုံတူလောကမှအခြေအနေက ယခင်နှင့်အတူတူသာလျှင်ဖြစ်သည်။ အခြေခံ အမှတ်များအပြင် သူက အမျိုးမျိုးသော လုပ်ဆောင်မှုများကြောင့် အမှတ်ပိုများ ရလိုက်သည်။ ထိုအခြေအနေအပြင် နောက်ထပ် ကုဝူကျိ၏မမြင်ဖူးသော တိုးတက်မှုတစ်ခုကလည်း ပေါ်လာသည်။

[ဒီပုံတူလောကထဲက တစ္ဆေခေါင်းဆောင်က သေသွားခဲ့တဲ့အတွက်ကြောင့် ဒီပုံတူလောကက ပြိုလဲကျသွားတယ်၊ ဒီပုံတူလောကက ဘယ်တော့မှပြန်ပေါ်လာနိုင်တော့မှာ မဟုတ်ဘူး၊ ဒီပုံတူလောကမှာဝင်ပါခဲ့တဲ့ ကစားသမား တစ်ယောက်အနေနဲ့ တိုက်ဆိုင်စွာနဲ့ ဒီပုံတူလောကမှာရှိတဲ့ လောကထဲကို နက်ရှိုင်းတဲ့ အဆင့်တစ်ခုအထိ ဝင်ရောက်စူးစမ်းပိုင်ခွင့်ရလာတယ်၊ ဒီအခွင့်အရေးကို မင်းကို ပေးလိုက်တဲ့အတွက်ကြောင့် အချိန်မရွေး ဝင်ဖို့ရွေးချယ်နိုင်ပါတယ်]

ကုဝူကျိက မင်သက်စွာဖြင့် ပြောလိုက်သည်။

"ဘာကိုဆိုလိုတာလဲ၊ ဒီတစ္ဆေခေါင်းဆောင်က သေသွားတယ် ဟုတ်လား၊ နေပါအုံး လောကကို ရှာဖွေတယ်ဆိုတာ ဘာလဲ"

[နောက်ဆုံးပုံတူလောကက တစ္ဆေခေါင်းဆောင်က တကယ်ကိုသေသွားခဲ့ပါတယ်၊ ပိုပြီးအသေးစိတ်ကျတဲ့ အချက်အလက်တွေကို သိချင်ရင်တော့ သူတို့ကိုယ်တိုင် တင်ထားတဲ့ ဗီဒီယိုကို ပြန်ကြည့်နိုင်ပါတယ်]

[မင်းကသာ ဒီလောကထဲကိုဝင်ရောက်ပြီး လေ့လာစူးစမ်းချင်တယ်ဆိုရင် အဲ့ဒီလောကထဲမှာ လွတ်လွတ်လပ်လပ် လျှောက်သွားနိုင်စွမ်းအားရှိလာမယ့်အပြင် ဒီလောကက အခြားပုံတူလောကတွေနဲ့မတည့်တဲ့ အချို့နက်ရှိုင်းတဲ့သဲလွန်စတွေကိုတောင် ရှာဖွေနိုင်အုံးမှာပါ၊ ဒါပေမယ့် မင်းက အပြင်လူဖြစ်နေတဲ့အတွက်ကြောင့် ဒီလောကက သရဲတွေရဲ့အာရုံကိုလည်း ဆွဲဆောင်မိနိုင်ပါသေးတယ်၊ ဒီတော့ မဝင်ခင် ကြိုတင်ပြင်ဆင်ထားပါ]

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now