အခန်း (၁၆)

Start from the beginning
                                    

"မင်းရဲ့ ခန္ဓာကိုယ်ကို တခြားသူတွေက ကောင်းကောင်း သဂြိုလ်ပေးမှာပါ မင်းစိတ်မပူပါနဲ့.."

"ငါဟာ ရုပ်ပျက် ဆင်းပျက် သေဆုံးခဲ့တာလား ဒါမှမဟုတ် လှလှပပ သေဆုံးခဲ့တာလား ဆိုတာကိုတောင် ငါမသိခဲ့ဘူး.."

"မင်းရဲ့ ရုပ်အလောင်း ထားတဲ့ နေရာကို မင်းက ဆရာကြီး ဘာဘဲလ်လာကို မမေးဘူးလား.."

"ငါသေတာက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဆိုတော့ ဆရာကြီး ဘာဘဲလ်လာက ငါ့ရုပ်အလောင်းကို တွေ့ဖူးမှာ မဟုတ်တာ သေချာတယ်လေ မေးတော့ရော ဘာဖြစ်နိုင်မလဲ.."

"မင်း သေတာ အဲ့လောက်ကြာပြီလား.. မင်းက ဘယ်ကျောင်းအုပ် လက်ထပ်မှာ သေဆုံးတာလဲ.."

"ငါက ကျောင်းအုပ်ကြီး ဒီဂဲလ် လက်ထပ်မှာ သေဆုံးခဲ့တာ ငါသေတော့.. သူတို့ မောင်နှမတွေ အားလုံး သေဆုံး နှစ်နှစ်လောက်ထိ ငါက ဒီကျောင်းမှာ နေနေခဲ့တယ်.. နောက်တော့ ကျောင်းသားတွေကို ငါက စာသင်ပေးဖို့ ဆုံးဖြတ်လိုက်တယ်.. အဲ့နေ့ ညမှာ ရုတ်တရက်ကြီး ငါက သေဆုံးခဲ့တယ်.."

"မှော်ဆရာကြီး ဒီဂဲလ် လက်ထပ်ကတည်းက ဆိုတော့ ကြာပြီပဲ.."

ထိုအခါ ဒယ်ဇီက အားနည်းစွာ ခေါင်းညိတ်ပြသည်။ ပြီးနောက်တွင်မှ..

"ဟုတ်တယ် ကြာနေပြီ.. နှစ်နဲ့ ရေတွက်ရင် ထောင်စုနှစ်နဲ့ တွက်ရမယ်.. ထောင်စုနှစ် ကိုးခု ဖြတ်ကျော်လာခဲ့ပြီးပြီ.."

"မင်း ဒီကျောင်းကလွဲပြီး တခြားကို မသွားဘူးလား.."

"မသွားပါဘူး ငါတို့က လောက မတူဘူးလေ.. ငါတောင်မှ ဒီကျောင်းမှာ မို့သာ.. နေခွင့်ရတာ ဆယ်ဆာဗန်က သဘောကောင်းတဲ့ မိန်းကလေးမို့လေ.. မဟုတ်ရင် ငါ့ကို လက်ခံမယ့်သူ ရှိမှာ မဟုတ်ဘူး.."

ထိုအခါ ဒါလေး ပို၍ မျက်လုံး ပြူးသွား၏။

"မင်းက ဆယ်ဆာဗန်နဲ့လည်း ခင်မင်တယ်ပေါ့.."

"အင်းလေ.. တကယ်လို့ ဒီဗယ်ဖော့စ်သာ မသေဘူး ဆိုရင် ငါတို့က သမီးယောင်းမတွေ ဖြစ်လာမှာ.."

"ဘာ!!.."

"တကယ် ..!!.. အဲဒါ တကယ်ကြီးလား.."

ဒါလေးရော ဒရက်က တအံ့တသြ ဖြစ်သွားလျက်.. အသံပြိုင်တူ ထွက်သွားမိသည်။ ဒယ်ဇီက နောက်သို့ ရွေ့လျားသွားပြီးနောက်..

ဒါဒါလေး အပိုင်းဆက်မှော်လောကဇာတ်လမ်းWhere stories live. Discover now