part -23

1.2K 29 2
                                    

အခန်း ၂၃

"မောင်....နေရထိုင်ရတာ သက်သာရဲ့လား...

ခံစားနေရတာတွေရှိရင် မကိုပြောနော်.....

ကိုဂျောင်းကို...ခေါ်ပေးရမလား"

"မောင် အများကြီးသက်သာနေပါပြီ....

ခေါင်းလဲမမူးတော့ပါဘူးမရယ်....

သူများလင်မယား အေးဆေးနေပါစေ....

ခုချိန်က သူ့မိန်းမနားက ခွါချင်မှာ မဟုတ်ဘူးလေ

မောင်လဲ ဘာမှမှ မဖြစ်တော့တာ....

သွားမနှောက်ယှက်နဲ့နော်....ပြီးတော့လေ

သူတို့အခန်းနား သိပ်မသွားနဲ့သိလား....

ကိုဂျောင်းက သူ့မိန်းမနေမကောင်းလဲ 

ဂျီကျပြီး လုပ်ချင်တာတွေ လုပ်နေရင်

မပဲမျက်နှာပူနေရမှာ........"

မောင့်စကားကြောင့် သူမရယ်ချင်သွားရကာ မောင့်နားတွင်ဝင်ထိုင်လိုက်ပြီး နှဖူးလေးကိုစမ်းကြည့်လိုက်တော့သည်။

ရက်ရှည်လများ ဖျားနေသောမောင်က မျက်နှာလေးတောင်း နည်းနည်းချောင်သွားရတော့ စိတ်မကောင်းဖြစ်မိသော်လည်း မောင့်ကို ပြုစုခွင့်ရနေလို့ စိတ်တော့ သက်သာရာရလေသည်။

ဂျောင်းဆွန်နှင့် ကိုလတ်တို့ပြသနာတွေတက်ပြီးနောက်ပိုင်း ယောင်းမက သူ့သမီး အသတ်မသေပဲ သတိပြန်လည်လာတာနှင့်ပင် သူပြောခဲ့သည့်စကားအတိုင်း သမတ်ဖြစ်သူကို ဘာတစ်ခွန်းမှမပြောပဲ သဘောတူခဲ့လေသည်။

သူ့ဟာသူ တစ်လွဲတစ်ချော်လေးတွေ လုပ်တက်တာကလွဲရင် အငယ်ဆုံးသမီးလေးလဲဖြစ် အလိမ္မာဆုံးလေးလဲဖြစ်နေတော့ သူတို့သမီးလေးကို နှမြောတော့ နှမြောသော်လည်း သူ့တို့မွေးပေးထားသည့် အသက်မှ မရှိတော့တာ ဂျောင်းဆွန်ပေးသည့် အသက်သာကျန်သည်မို့ ကြည်ဖြူပေးလိုက်တော့သည်။

တစ်နှစ်တည်း နှစ်မင်္ဂလာ မဆောင်ရဘူးဆို၍ ငြိမ်နေသော မင်းထင်က သုံးမင်္ဂလာလုပ်မည်ဟု အကြံထပေးသည်ကြောင့် အတွဲသုံးခုလုံး မင်္ဂလာတစ်ပြိုင်နက်ဆောင်ပေးဖို့သာ လုပ်လိုက်ကြရတော့သည်။

နံရိုးရဲ့ပိုင်ရှင်လေးOù les histoires vivent. Découvrez maintenant