နံရိုးရဲ့ပိုင်ရှင်လေး part-2

1.9K 50 0
                                    

အခန်း ၂

"နွေနှင်းမြူတဲ့လား....

နာမည်က နည်းနည်းထူးခြားတယ်နော်.."

"ထူးခြားတာမဟုတ်ဘူး...

ဆန်းကျယ်နေတာ ငါ့ကောင်ရေ...

သူ့မွေးတုန်းက နွေခေါင်ခေါင်ကြီး မြူနှင်းတွေကျလို့တဲ့

လူရောနာမည်ရော ကြောင်တောင်တောင်နဲ့..."

မကျေမနပ်နှင့် ပွစိပွစိပြောနေသော ကျော်ကျော့်ကိုကြည့်ပြီး ပြုံးလိုက်မိရာ နှဖူးက ဆစ်ကနဲ နာသွားသည်မို့ ဖွဖွလေးဖိလိုက်မိရင်း

"လက်သံကတော့ ပြောင်တယ်နော်

နာလိုက်တာကွာ....."

"ဘွားတော်က ခြေစွမ်းပြလိုက်တာလေ

ဘောပွဲတွေ နင်းကန်ကြည့်ထားတာ

အလကားမှ မဟုတ်တာ..."

"ဟေ့ရောင်ရေ မင်းက သိလှချည်လား...

မင်းပြောသမျှ အပျိုကြီးကောင်းကြောင်း

တစ်ကွက်မှကို မပါသေးတာနော်....

မသိရင် ကိုနေ့ခေါင်းကို မှန်တာမဟုတ်ပဲ

မင်းခေါင်းကို မှန်ထားတဲ့ ဆိုဒ်ကြီးနဲ့

ဘာလဲ ဘယ်နှစ်ဘဝ ကလဲ့စားတွေလဲ...

ဘွားတော်ကို အမြင်ကပ်နေတာလား

ကြင်ဖက်ဖြစ်ချင်နေတာလား.....

တစ်ခုခုတော့ တစ်ခုခုပဲ...."

"ဖွဟဲ့ .....လွဲပါစေ...ဖယ်ပါစေ"

မင်းသော်တာစကားကြောင့် ကျော်ကျော်တစ်ယောက် ခေါင်းခါခြေခါတွေဖြစ်ကုန်ကာ အကြောက်အကန်ငြင်းသည်နှင့် ဝိုင်းရယ်ကြပြီး ပိုစလေတော့သည်။

ကျော်ကျော်အပါအဝင် လေးယောက်စလုံးက ဆေးကျောင်းသားတွေဖြစ်နေကြကာ ကျန်လူများက ရန်ကုန်ဇာတိဖြစ်ပြီး သူတစ်ယောက်သာ မိုးကုတ်မှာမနေချင်၍ ရန်ကုန်ရှိ ဦးလေးအိမ်မှာနေပြီး ကျောင်းလာတက်ချင်းဖြစ်သည်။

မြို့ခံမဟုတ်တော့ အစစအရာရာ အဆင်မပြေမှု့လေးတွေရှိခဲ့သည်ကို ဒီသူငယ်ချင်းသုံးယောက်က ငယ်ပေါင်းလို ပေါင်းသင်းပြီး လက်တွဲခေါ်ပေးခဲ့လိုသာ ရန်ကုန်နှင့် အံဝင်ခွင်ကျ ဖြစ်ခဲ့ရလေသည်။

နံရိုးရဲ့ပိုင်ရှင်လေးWhere stories live. Discover now