part -9

1K 29 0
                                    

အခန်း ၉

မောင်နှင့် ချစ်သူဖြစ်သည့် သက်တမ်း ဘာလိုလိုနှင့် တစ်ပတ်ပြည့်လာခဲ့ရသည်။ မောင်ဟာ အေးချမ်းသည့်ကောင်လေးမို့ တစ်ခုခုဆို နားလည်ပေးတတ်ကာ ဟော့ဟော့ရမ်းရမ်း သွင်ပြင်မျိုးတွေလဲ မလုပ်တတ်ပေ။

စိတ်ထားနူးညံ့သည့်မောင်က စိတ်ဆိုးလျှင်တောင် ကြမ်းတမ်းသည့်ပုံစံ ဘယ်တော့မှ ထုတ်မပြပဲ ငြိမ်ငြိမ်လေးနေပြီး စကားမပြောခြင်းဖြင့် သူစိတ်ဆိုးကြောင်း ပုံဖော်တတ်သလို သူမစိတ်ဆိုးလျှင်လဲ မျက်နှာငယ်လေးနှင့် မလှမ်းမကမ်းကနေ သူမစိတ်ဆိုးမပြေမချင်း တကောက်ကောက်လိုက်ကာ ချော့သည့်ပုံစံမျိုးလေး လုပ်တတ်သေးသည်။

စကားတွေ စီကာပတ်ကုန်း မပြောတတ်သူမို့ ဘယ်လိုချော့ရမလဲ မသိသည့်တိုင် သနားကမားရုပ်လေးလုပ်ပြနေမှတော့ ဘယ်သူက ကြာကြာတောင့်ခံနိုင်တော့မည်နည်း။

မောင်နှင့်သူမတွဲလာကြသည့် တစ်လျှောက် သူမအခန်းကိုလဲ စိတ်ကြိုက်ဝင်သလို သူနေသည့်အခန်းလဲ သူမရောက်ရောက်သွားပြီး နှစ်ယောက်ထဲ စိတ်ကွယ်ရာအရပ်မှာ ရှိနေတတ်ကြသည့်တိုင် မောင်သည် စည်းလုံးဝကျော်ခြင်းမျိုး မရှိတကတ်ပေ။

သူပြောသလို ချစ်သူရည်းစား သဘာဝ နမ်းသည့်အဆင့်ထိကလွဲပြီး ဒါ့ထက်ပိုသည့် အခွင့်ရေးကို မယူပဲ သန့်သန့်စင်စင် သူ့အချစ်တွေကို ပုံဖော်ပြသလေ့ရှိသည်။

လိုချင်တာမရလျှင် စိတ်ကောက်တတ် မျက်ရည်ထွက်တတ်တာကလွဲပြီး သူမကို ဝန်ပိအောင် မလုပ်တတ်သည့်မောင့်ကြောင့် စိတ်ပျက်ဖို့ကောင်းသည့် relationship မျိုးမဖြစ်လာပဲ ဝန်ထုတ်ဝန်ပိုးတစ်ခုလဲ ဖြစ်မလာပေ။

သူမအပေါ် အရမ်းချစ်သည့် မင်းထင်တောင်မှ သိပ်မကျေနပ်သည့်တိုင် လက်ခံပေးသည်အထိ မောင်က အကြည်ဓာတ်လေး ရှိရှာသည်။ မျက်နှာမြင် ချစ်ခင်ပါစေဆိုသည့် ဆုတောင်းလေးပြည့်ခဲ့သည် ထင်ပါရဲ့ မောင်နှင့် စကားပြောပြီးလျှင် ဒီကောင်လေး မဆိုးဘူး လူရည်မွန်လေးဟု သက်မှတ်လိုက်သည်ကြီးသာ။

မောင့်မှာ သူမမကြိုက်သည့်အချက်ပြပါဆိုလျှင် အားနာတတ်သည့်အကျင့်ဖြစ်သည်။ တစ်ဖက်လူရဲ့စကားကို ကလန်ကဆန်လုပ်ဖို့နေနေသာသာ တစ်ခုပြောလိုက်လျှင် အားနာပြီး အကုန်လိုက်လုပ်ပေးတတ်သည့် အကျင့်ကတော့ သူမနှင့် တစ်စက်ကလေးမှ အဆင်မပြေပေ။

နံရိုးရဲ့ပိုင်ရှင်လေးWhere stories live. Discover now