part-18

968 23 2
                                    

အခန်း ၁၈

"ညီလေး....အစ်ကို့ကို နားလည်ပေးပါ

တစ်ဆိတ်လောက် အပြင်ထွက်ပေးပါလား...."

"ကိုဂျောင်း......ညီမလေးက 

အစ်ကို့ကို ကြောက်နေတယ်...."

"အစ်ကို သိတယ် ညီ.......

အစ်ကိုက လွန်ခဲ့တာတွေ များတာကိုး...

စိတ်ချပါ ဘာမှမဖြစ်စေရဘူးနော်...."

အဖျားရှိန်နှင့် နှုတ်ခမ်းလေးတွေ ပါးမို့လေးတွေ မျက်ခမ်းလေးတွေ နီရဲနေသော သူ့ကလေးလေးက အပူပင် ကင်းစွာ အိပ်မောကျနေတာလေးကို ကြည့်ပြီး ချစ်ဆိပ်တွေ တက်နေရကာ မလုပ်သင့်မှန်း သိသော်လည်း ယောက်ဖကို မောင်းထုတ်လိုက်သည်နှင့် ကိုယ်ချင်းစာစိတ်ရှိသည့် ယောက်ဖက အပြင်ပြန်ထွက်သွားပြီး တံခါးပိတ်ပေးသွားလေသည်။

ချစ်ရသူကို အဖျားတိုင်းကာ လိုအပ်နေသည့်ဆေးပမာဏကို တွက်ချက်ပြီး နိုးမသွားအောင် အသာလေး တစ်စောင်း အိပ်စေလိုက်ကာ အိမ်နေရင်း စပန့်ဘောင်းဘီလေးကို ဖြေးဖြေးချင်း ဆွဲချ၍ အသာဆေး ထိုးပေးလိုက်သည်နှင့် မျက်နှာလေးက ချက်ခြင်း ရှုံ့မဲ့သွားရှာကာ မျက်တောင်လေးတွေ လှုပ်ခက်လာပြီး နိုးလာတော့သည်။

"ဟင်......ဦး....ဘယ်လို....

သမီး ဘယ်ရောက်နေတာလဲ..."

"ကလေး အိမ်မှာလေ.....

ဦးရဲ့ ကလေးလေး ဖျားတော့မှာသိလို့

ဦးက လိုက်လာတာပေါ့......

ခု ဆေးထိုးပေးထားတယ်

ကလေးလေး မကြာခင် သက်သာသွားမယ်နော်

ဘာစားပြီးပြီလဲ......"

"ဟင့်အင်း......."

"ဦးလဲ ဘာမှ မစားရသေးဘူး

လွမ်းလိုက်တာ ကလေးရယ်....."

ဘာမပြောညာမပြောနှင့် ကုတင်ပေါ်တက်အိပ်လိုက်ကာ သူမကိုယ်လုံးလေးကို ဖက်ထားလိုက်သည်နှင့် မျက်လုံးပြူးလေးနှင့် မော့ကြည့်လာကာ ထိုမျက်လုံးတွေထဲ ကြောက်ရွံ့ခြင်းတွေကို မြင်နေရတော့မှ သူပြုံးပြလိုက်ကာ...

"မကြောက်ပါနဲ့ ကလေးရယ်.....

ဦး ဘားမှ မလုပ်ပါဘူး....မစိုးရိမ်နဲ့နော်

နံရိုးရဲ့ပိုင်ရှင်လေးWhere stories live. Discover now