part-15

1.1K 27 0
                                    

အခန်း ၁၅

သူမတို့နှင့်အတူ လိုက်လာကြသည့် လူတွေကို အားနာသည်ကြောင့် ညှာပြီးသွားနေရသည့် ခရီးမို့ သက်မှတ်ထားသည့် အချိန်ထက် ပိုကြာနေရကာ မင်းထင် သွားရမည့် လေးနေရာမှာ တစ်ပတ်ပြည့်နေသည်တောင် နောက်ဆုံး တစ်နေရာက မသွားရသေးပေ။

နောက်ဆုံးနေရာဟာ တောင်ထိပ်ကို တက်ရမည်မို့ ကျန်လူများ ပင်ပန်းမည်ကို စိုးရိမ်ကာ သူမတို့နှစ်ဦးနှင့် လမ်းပြတစ်ဦးသာ တက်မည်ဟု ပြောဆိုခဲ့သော်လည်း ဗစ်တာတို့က စိတ်မချဖြစ်ပြီး သားကောင်တွေ အန္တရာယ်မပေးနိုင်အောင် သူ့လူများထဲမှ လက်ယဉ်သည့် ၃ယောက်ကို ထည့်ပေးမည်ဟုဆိုလာကာ မောင်က ယောက်ျားလေးတွေထဲ သူမတစ်ယောက်တည်း မိန်းကလေးမို့ စိတ်လုံးဝမချချေ။

မင်းထင်ကိစ္စတွေကို သူမကသာ ကူညီဖူးနေတာကြောင့် အကူညီပေးဖို့ကလဲ သူမပါသွားမှ ဖြစ်မည် မဟုတ်လျှင် မင်းထင်အတွက် မလိုအပ်ပဲ အချိန်တွေ ပိုကြာနေနိုင်သည်ကြောင့် သူမလိုက်ကို လိုက်ရပေမည်။

မောင့် ဖောင်းပွနှုန်းကို မင်းဘုန်းခန့်တို့က သဘောပေါက်နေပြီ ဖြစ်ရကာ နောက်ဆုံးမှာ မောင့်ကိုပါခေါ်သွားဖို့ မင်းထင်ကိုပြောကြကာ ညအိပ်ပြီးမှ ပြန်ဆင်းလာကြဖို့ပါ မှာလိုက်ကြတော့သည်။

မောင့်မှာ မလုပ်ဖူးသည့်အလုပ်ကို လုပ်ရသည်မို့ ပင်ပန်းနေသော်လည်း သူမနှင့်အတူရှိနေသည်မို့ ပျော်သည်ဟု ဆိုလာပေမဲ့ သူမစိတ်မကောင်းပေ။

တောင်တက်ခြင်းက အဘယ်မျှလောက်ပင်ပန်းသလဲဆိုတာ တက်ဖူးသူတိုင်းသိလေသည်။ ကွဲကပေါ်ခေါ်ဇွဲကပင်တောင် တောင်မှ လှေကားတွေ ထွင်းထားပေး လက်ရန်းတွေလုပ်ထားပေးသည့်တိုင် တက်ရခက်ပြီး အသားကုန်ပင်ပန်းတာ လူသူအရောက်နည်းသည့် ယခုလိုဘာမှ လုပ်မထားသည့် တောင်တက်ရခြင်းက ဘယ်လိုဆိုးရွားမလည်း မောင်တွေးကြည့်ဖို့ ကောင်းပေသည်။

အလေ့အကျင့် ဘာမှမရှိခဲ့သည့်မောင့်ကို အားလုံးက နားလည်ပေးထားတာကြောင့် ဖေးဖေးမမ ခရီးဆက်ကြရကာ သူမသည်လည်း စိတ်မရှည်တတ်သူဖြစ်သော်ညား မောင့်ကို စာနာပြီး မောင်ရှက်စိတ် အားငယ်စိတ်မဝင်အောင် သွားနိုင်သည့် ခြေလှမ်းအတိုင်းလေးသာ သွားပေးဖြစ်ကာ စောင့်ခေါ်သည့်ပုံစံ မဟုတ်ပဲ စကားတစ်ပြောပြောနှင့် မောင့်ပင်ပန်းမှု့ကို လျော့ချပေးနေရသည်ကြောင့် 1နာရီလောက်သာ တက်ဖို့လိုသည့် ခရီးလမ်းက ၄နာရီခန့်ကြာသွားတော့သည်။

နံရိုးရဲ့ပိုင်ရှင်လေးWhere stories live. Discover now